Sunday, March 16, 2014

သင့် စီးပွားရေး လုပ်ငန်း က ဝဘ်ဆိုဒ် ရှိရန် လိုအပ် သည့် အကြောင်း ၈ ချက်

Website Never Sleep

လူတွေ ဘယ်လောက် အိပ်အိပ်၊ ဝဘ်ဆိုဒ် က မအိပ်ပျော် တတ် ပါဘူး။ ယေဘုယျ အားဖြင့် တစ်ရက် မှာ ၂၄ နာရီ၊ တစ်ပတ် မှာ ၇ ရက်၊ တစ်နှစ် မှာ ၃၆၅ ရက်လို့ အသက်ရှင် ပါတယ်။ ဒီတော့ နောက်ထပ် အချိန် ပြည့် မအိပ် မနေ အလုပ် သမား တစ်ယောက် ရထား လိုက် သလို ပါပဲ။ Customer တွေက ပို့ပေး တဲ့ စာတွေ ကို၊ အီးမေးလ် တွေ ကို သိမ်းထား ပေး ပါမယ်။ Auto reply စနစ်တွေ ပါ ထည့်ထား ပေးရင် သူက ပိုတောင် အလုပ် လုပ် ပေးနိုင် အုံးမှာပါ။ ဒီတော့ အိပ် မပျော် တဲ့ ဝန်ထမ်း တစ်ယောက် ရလိုက်ခြင်း က ဝဘ်ဆိုဒ် တစ်ခု ရလိုက် ခြင်း ဖြစ်ပါ တယ်။

Your Top Competitor Has a Website

ပြိုင်ဘက် ကုမ္မဏီက ဝဘ်ဆိုဒ် ရှိတယ်။ ကိုယ့် ဆီမှာ ဝဘ်ဆိုဒ် မရှိဘူး။ အဲဒီမှာ တင် ကိုယ်က တစ်ဘမ်း ရှုံးနေပါပြီ။ တစ်ဖက် က အွန်လိုင်း ကနေ စီးပွားရေး ကို အပီ အပြင် ချဲ့ ထွင် နေချိန် ကိုယ်တွေ က နောက်ကျ ကျန် ခဲ့ နိုင်ပါတယ်။ ဒါကြောင့် ပြိုင်ဘက် တွေ လည်း ဝဘ်ဆိုဒ် ရှိတာ မို့ ကိုယ် စီးပွားရေး လုပ်ငန်း လည်း ရှိဖို့ လိုအပ် ပါတယ်။

Just Google It

သာမန် လူတစ်ယောက် က ထုတ်ကုန်၊ ဝန်ဆောင်မှု တစ်ခု အတွက် ဘယ် ကုမ္မဏီ ကိုမှ မသိရင် Google တို့လို Search Engine ကနေ ရှာဖွေတာ မျိုး ပြုလုပ် ပါတယ်။ ဒါကြောင့်မို့ သူ တို့လို Customer တွေ ကိုယ့် စီးပွားရေး လုပ်ငန်းနဲ့ ဝန်ဆောင်မှု လုပ်ငန်း ကို S Engine ကနေ အလွယ် တကူ ရှာတွေ့ နိုင်အောင် ဝဘ်ဆိုဒ် တစ်ခု တော့ ရှိထားဖို့ လိုအပ်ပါတယ်။

Websites Improve Customer Confidence & Corporate Image

ပရော်ဖက်ရှင်နယ် ကျကျ ဖန်တီး ထားတဲ့ ဝဘ်ဆိုဒ် ကြောင့်မို့ ကိုယ့်ရဲ့  လုပ်ငန်းက Impression အတော်လေး ကောင်းနေပြီ။ Customer တစ်ယောက် အနေနဲ့ သူ အားကိုး လိုတဲ့ organization တစ်ခု ကနေ sense of confidence ရဖို့ အတွက် Website ကိုလည်း Care လုပ် လာကြတာ ကမ္ဘာမှာ တင် မဟုတ်တော့ ပဲ မြန်မာပြည် အထိ ဖြစ်လာပါပြီ။

Small Business Have Higher Revenue

ကိုယ်ပိုင် ဝဘ်ဆိုဒ် ရှိတဲ့ အသေးစား စီးပွားရေး လုပ်ငန်း များ ဟာ ကိုယ်ပိုင် ဝဘ်ဆိုဒ် မရှိတဲ့ စီးပွားရေး လုပ်ငန်းများ ထပ် နှစ်စဉ် ဝင်ငွေ များပြား တာ ကိုလည်း စစ်တမ်း အရ သိထားပြီး ဝဘ်ဆိုဒ် ကို Small Business သမား အတွက် လည်း ဖန်တီး စေရန် Recommend ပေးထား ပါတယ်။

Do you know billions of people?

ကမ္ဘာ ပေါ်မှာ လက်ရှိ အင်တာနက် အသုံးပြုသူ အရေ အတွက်က သန်းဂဏန်း တင် မက တော့ပဲ ဘီလျံ နဲ့ ချီနေပါပြီ။ ၂ ဘီလျံ အထပ် မှာပါ။ သူတို့ အားလုံး က အင်တာနက် ပေါ်မှာ ရှိပါ တယ်။

Website Help Establish More Customers

ယနေ့ စစ်တမ်း ကောက်ချက် များ အရ ကမ္ဘာ အရပ်ရပ် က Customer အသစ်များ ရရှိမှုရဲ့  ၅၀ ရာခိုင်နှုန်းဟာ အင်တာနက်မှ တစ်ဆင့် ဖြစ်လာပြီး အဲဒီ ထပ်ပို လို့သာ တိုးလာ ပါတယ်။ ဒါကြောင့် ဝဘ်ဆိုဒ် ရှိခြင်းက ဖောက် သည် ပိုအရ မြန်စေပါတယ်။

Websites are not just local, they are global

စီးပွားရေး လုပ်ငန်း အသေးစား ပဲ ဖြစ်ဖြစ်၊ အကြီးစား ပဲ ဖြစ်ဖြစ် ပါ၊ ဝဘ်ဆိုဒ် တစ်ခု ရှိလိုက်ရင် ကိုယ့် လုပ်ငန်း ရဲ့  လည်ပတ်မှု ဟာ ပြည်တွင်း ဒေသ တွင်း တင် မက တော့ပဲ ကမ္ဘာနဲ့ ယှဉ်လာ ပြီ ဆိုတာ သိထား ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် global အထိ ခြေလမ်း နိုင်ဖို့ အတွက် ဝဘ်ဆိုဒ် တစ်ခု ရှိရန် လိုအပ်ပါတယ်။

No comments:

Post a Comment

Snap VPN အသုံးပြုနည်း

      ယခုမိတ်ဆက်ပေးမယ့် App ကတော့ Snap VPN လို့ခေါ်တဲ့၊ VPN ကျော်တဲ့ App ပဲဖြစ်ပါတယ်။မိမိတို့ Android Phone တွေမှာ Google play store ကနေ Ga...