Monday, December 2, 2013

formart အမျိုးမျိုးကို အလွယ်တစ်ကူပြောင်းပေးမဲ့  HD Video Converter pro.

အင်တာနက်က ဒေါင်းလို့ ရလာတဲ့ ရုပ်ရှင် တွေ Movies တွေကို မိမိတို့ နှစ်သက်တဲ့  formart အမျိုးမျိုး ကိုအရည်အသွေး ပြည့် ဝအောင် convert ပြုလုပ်ပေးမဲ့  HD Video Converter pro...ဒီကောင်လေးကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ဘာဖြစ်လို့ လဲဆိုတော့  မူလ အရည်အသွေး ကိုမပျက်စေပဲ မိမိတို့ လိုသလို ပါဖိုင်ဆိုးကို ချုံ့ လို့ ရတာရယ် iPad, iPod, iPhone, Apple TV, PS3, PSP, Xbox, Zune, PDA, BlackBerry, Nokia, Android, Zen, စတဲ့ mobile device တွေအတွက်ရော အကောင်းဆုံးဖြစ်လို့  စမ်းကြည် စေချင်ပါတယ်။ full version ဖြစ်အောင်လိုင်စင် ကုဒ်ကိုထည့် ထားပေးပါတယ်။
regeister ဆိုတဲ့ နေရာမှာ ထည့် ပေးလိုက်ပါ။အသုံးပြုပုံကတော့ မိမိတို့ ပြောင်းလိုတဲ့ ဖိုင်ကို add ကနေပြပေးလိုက်ပြီး မိမိပြောင်းလဲယူလိုတဲ့  formart ကိုရွေးလိုက်ပါ။ပြီးရင် run ကိုနိုပ်လိုက်ရုံပါပဲ...
=======================================
ဒေါင်းလုပ်ယူရန်>http://saithu102.blogspot.com/2013/11/formart-hd-video-converter-pro.html

Android KitKat 4.4 Apps တွေကို မိမိဖုန်းရဲ့ JellyBean Device မှာတင်မယ်

KitKat 4.4 မှာ ပါဝင်လာတဲ့ app လေးတွေ မိမိဖုန်းမှာ တင်သုံးချင်တဲ့သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။ အသုံးပြုလိုတဲ့ သူငယ်ချင်းများ အသုံးပြုလိုတဲ့ apk တွေကို အောက်မှာ တစ်ခုချင်းဒေါင်းယူနိုင်ပါတယ် ပုံလေးတွေနှင့်တကွဖော်ပြပေးထားပါတယ်။

Format Factory 3.2.1

Format Factory 3.0.1 မှ စတင်ပြီး Language တွင် မြန်မာလို အသုံးပြုနိုင်ပါသည်။

Setting >>> select more language >>> မြန်မာ

Download >>> http://www.pcfreetime.com/download/FFSetup3.2.1.0.exe

Android မှာTask Killer တွေမသုံးသင့်တဲ့ အကြောင်းအရင်းများ

Photo: Android မှာTask Killer တွေမသုံးသင့်တဲ့ အကြောင်းအရင်းများ

Android Phone တွေမှာ Task Killer App မရှိတဲ့ဖုန်းဆိုတာ မရှိသလောက်ရှားပါးတာသေချာပါတယ်။Task Killer တွေက Background မှာ Run နေတဲ့ App တွေကို ပိတ်ခြင်းအားဖြင့် ဖုန်းရဲ့  Performance နဲ့  Battery Life ကိုကောင်းမွန်စေပါတယ် လို့ အများစုကထင်ကြပါတယ်။တကယ်တော့ Task Killer တွေဟာဖုန်းရဲ့ Performance နဲ့ Battery Life ကိုကျဆင်းစေပါတယ်။ဒီလိုပြောရင်ယုံကြည်မယ့်သူမရှိဘူး လို့ ထင်ပါတယ်။ Task Killer တွေမသုံးသင့်တဲ့အကြောင်းကို နိုင်ငံခြားနည်းပညာ ဆိုက်တွေမှာတွင်တွင်ကျယ်ကျယ်ရေးသားနေကြလို့  ကောင်းမွန်တဲ့ နည်းကိုရွေးချယ်နိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါတယ်။

Task Killer တွေဟာ Background မှာ Run နေတဲ့ Apps တွေကို Force Close လုပ်ပါတယ်။ Memory ကနေ App တွေကိုဖယ်ထုတ်လိုက်ပါတယ်။တစ်ချို့ Task Killer တွေက အလိုလို ပြုလုပ်ပေးတတ်ပါသေးတယ်။ဒါပေမယ့် Android က Processes တွေကို သူ့ ဘာသာ Manage လုပ်နိုင်ပါတယ်။ အဲဒီအတွက် Task Killer တွေမလိုအပ်ပါဘူး။

Android က Windows လို Processes တွေကို Manage လုပ်တာမဟုတ်ပါ။
----------------------------------------------------------------------------
Android Users အများစုက ၀င်းဒိုး ကိုရင်းနှီးပြီးသားဖြစ်ကြပါတယ်။ဝင်းဒိုးမှာဆိုရင် System Tray မှာ Run နေတဲ့ App တွေဖြစ်ဖြစ်၊ Desktop မှာ Run နေတဲ့ App တွေဖြစ်ဖြစ် ဒီလို Run နေတဲ့ Apps တွေဟာ ကွန်ပြူတာရဲ့ Performance ကိုကျစေပါတယ်။အသုံးမပြုတဲ့ Apps တွေကို ပိတ်ခြင်းအားဖြင့် ၀င်းဒိုးကွန်ပြူတာရဲ့  Performance ကိုတက်စေပါတယ်။

ဒါပေမယ့် Android က ၀င်းဒိုး နဲ့ မတူပါဘူး။ Processes တွေကို Manage လုပ်တာကလည်း ၀င်းဒိုးနဲ့ မတူပါ။ Android မှာ ၀င်းဒိုးလို Apps တွေကို ပိတ်လို့ မရပါဘူး။ Android ကိုဒီလို ဒီဇိုင်းထုတ်ထားတာဖြစ်လို့  ဒါဟာ ပြဿနာတစ်ခုမဟုတ်ပါဘူး။ App တစ်ခုကနေထွက်ချင်ရင် Home Screen ကိုနှိပ် ဒါမှမဟုတ် တစ်ခြား App တစ်ခုကိုပြောင်းသုံး လို့ ရပါတယ်။ သုံးခဲ့တဲ့ App ကတော့ Background မှာ Run နေမှာပါ။များသောအားဖြင့်တော့ Android ကသုံးခဲ့တဲ့ App ကို Pause လုပ်ပေးထားတာပါ။ CPU နဲ့  Network Resources တွေကိုအသုံးပြုခြင်းမရှိပါဘူး။ တစ်ချို့  Apps တွေကတော့ အသုံးပြုကြပါတယ်။ Music Player , Download Apps , Sync Apps စတာတွေကတော့ဆက်လက်အသုံးပြုနေကြပါတယ်။

အသုံးပြုခဲ့တဲ့ App ကိုပြန်ဖွင့်ရင် Android က “Unpauses” လုပ်ပေးလိုက်တဲ့အတွက် သင်ထားခဲ့တဲ့ နေရာ (Screen) ကနေ အလွန်လျှင်မြန်စွာပဲ ပြန်အသုံးပြုနိုင်ပါတယ်။ဘာလို့ လျှင်မြန်စွာသုံးနိုင်သလဲဆိုတော့ အဲဒီ App ကို Android က RAM မှာသိမ်းထားပေးတာဖြစ်ပြီး ပြန်အသုံးပြုဖို့ အဆင်သင့်ဖြစ်နေစေလို့ ပါ။

Task Killer တွေညံ့ဖျင်းတဲ့အကြောင်း။
---------------------------------------
Task Killer တွေကို မသုံးရင် Apps တွေက RAM မှာနေရာတော်တော်ယူကြပါတယ်။ဒါဟာ ပြဿနာတစ်ခုမဟုတ်ပါ။ Apps တွေကို RAM မှာသိမ်းထားတဲ့အတွက် အဲဒီ Apps ကိုပြန်သုံးချင်ရင်လျှင်မြန်စွာပြန်အသုံးပြုနိုင်ပါတယ်။

RAM မှာ နေရာတွေပို နေတာ မကောင်းပါဘူး။ RAM မှာ Apps တွေရဲ့ Cache ဖိုင်တွေပြည့်နေမှသာ Apps တွေကလျှင်မြန်စွာအလုပ်လုပ်မှာပါ။ RAM နေရာမလောက်တော့ရင် အသုံးမပြုတာကြာပြီဖြစ်တဲ့ Apps တွေကို Android ကအလိုလို Force Close လုပ်ပေးမှာပါ။Task Killer တွေသုံးစရာမလိုပါ။
Task Killer တွေသုံးရင် Background မှာ Run နေတဲ့ Apps တွေကို အလိုလိုပိတ်ပေးမှာဖြစ်ပြီး Apps တွေကို Memory ကနေဖယ်ရှားလိုက်ပါတယ်။အလိုလိုမပိတ်ပေးရင်လည်း သင်ကိုယ်တိုင်ပိတ်နိုင်ပါတယ်။ဒါပေမယ့် အဲလို လုပ်စရာမလိုပါဘူး။

Task Killer တွေက အသုံးမ၀င်တဲ့အပြင် Performance ကိုပါကျစေပါတယ်။ Task Killer က App တစ်ခုကို RAM ကနေဖယ်ရှားပြီးတဲ့အခါ သင် အဲဒီ App ကိုပြန်ဖွင့်ရင် တော်တော်နှေးတာကိုတွေ့ ရမှာပါ။ဘာလို့ လည်းဆိုတော့ App ကို Device Storage ကနေ ပြန် Load လုပ်ရတဲ့အတွက်ဖြစ်ပါတယ်။ App ကို RAM မှာသိမ်းထားတာထက် Battery Power ကို ကုန်စေပါတယ်။တစ်ချို့  App တွေက Task Killer တွေကပိတ်ပြီးတဲ့အခါမှာအလိုလို ပြန် Run ကြတဲ့အတွက်လည်း CPU နဲ့ Battery Resources ကိုပိုကုန်စေပါတယ်။

RAM မှာနေရာပြည့်နေသည်ဖြစ်စေ၊ နေရာလွတ်နေသည်ဖြစ်စေကုန်စေတဲ့ Battery ကတော့အတူတူပဲဖြစ်ပါတယ်။ RAM မှာသိမ်းထားတဲ့ Apps တွေကိုဖယ်ရှားပြီး RAM နေရာလွတ်အောင်ပြုလုပ်ခြင်းဖြင့် Battery Life ကိုပိုမကောင်းစေပါဘူး။

Task Killers တွေရဲ့ အသုံးဝင်တဲ့အချိန်။
-----------------------------------------
အပေါ်မှာပြောခဲ့တာတွေကိုမယုံတဲ့သူတွေ အများကြီးရှိမှာပါ။ Task Killer တွေကိုသုံးနေတာကြာပြီဖြစ်ပြီးဖုန်းရဲ့ Performance ကိုကောင်းမွန်စေတယ်လို့  ပြောစရာအကြောင်းပြချက်တွေရှိမှာပါ။
ဒါလည်းမှန်ပါတယ်။တစ်ချို့  Apps တွေကညံဖျင်းပြီးကောင်းကောင်းအလုပ်မလုပ်ကြဘဲ CPU နဲ့ တစ်ခြား Resources တွေကို Background မှာ အသုံးပြုနေကြပါတယ်။ဒီလိုအခြေအနေမျိုးမှာ Task Killer တွေကိုသုံးပြီး အဲဒီ App ကိုပိတ်ခြင်းအားဖြင့် သင့်ဖုန်းရဲ့ Performance နဲ့  Battery Life ကိုကောင်းမွန်စေပါတယ်။

ဒါပေမယ့် ဒီလိုလုပ်ဖို့ အတွက် Task Killer ကိုအသုံးပြုတာဟာ ယင်ကောင် ကို Shotgun နဲ့ လိုက်သတ်သလို သဘောမျိုးသက်ရောက်စေပါတယ်။အသုံးဝင်တဲ့ Android ရဲ့ Process တွေကိုပါသတ်ပစ်သလို ဖြစ်လို့ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ Task Killer ကိုသုံးမယ့်အစားအဲဒီ App ကိုရှာပြီး Uninstall လုပ်သင့်ပါတယ်။တစ်ခြားကောင်းမွန်တဲ့ App တစ်ခုနဲ့  အစားထိုးသုံးသင့်ပါတယ်။ ညံ့ဖျင်းတဲ့ App တွေကိုရှာဖို့ အတွက် Watchdog Task Manager ကိုသုံးနိုင်ပါတယ်။ဒီ App က Background မှာ Run နေတဲ့ Apps တွေရဲ့ CPU Usage တွေကို စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး သင့်တော်ကောင်းမွန်စွာအလုပ်မလုပ်တဲ့ Apps တွေကို ရှာပေးနိုင်ပါတယ်။အဲဒီ ညံ့ဖျင်းတဲ့ App ကိုပဲရွေးချယ်ပိတ်နိုင်ပါတယ်။

Task Killer တွေ နေရာမှာ အစားထိုးအသုံးပြုသင့်တဲ့ Application
------------------------------------------------------------------
Task Killer တွေ နေရာမှာ အစားထိုးအသုံးပြုသင့်တဲ့ App တစ်ခုကတော့ Greenify ဖြစ်ပါတယ်။Greenify ရဲ့ အလုပ်လုပ်ပုံက Task Killer တွေနဲ့  မတူပါဘူး။ Greenify က Apps တွေကို Hibernate လုပ်ပေးတာပါ။ Widnows မှာ Hibernate လုပ်သလိုပါပဲ။ Apps တွေရဲ့ State ကို RAM မှာသိမ်းပေးထားတာဖြစ်ပါတယ်။အဲဒီအတွက် Hibernate လုပ်ထားတဲ့ Apps တွေကိုပြန်အသုံးပြုရင်လျှင်မြန်စွာအလုပ်လုပ်စေနိုင်တာပါ။

Task Killer တွေမှာ တစ်ခြား ပြဿနာတွေလည်းရှိပါတယ်။ ဥပမာ Alarm Clock App မျိုးကို Task Killer နဲ့ ပိတ်လိုက်တဲ့အခါမှာ Alarm မပေးနိုင်တော့ပါဘူး။

Android ROM တွေကို Develope လုပ်တဲ့ နာမည်ကြီး အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ CyanogenMod က Task Killer သုံးတဲ့ User တွေရဲ့ Bug Reports တွေကို လက်မခံပါဘူး။Task Killer တွေက အသုံးဝင်တာထက် ပြဿနာတွေပိုဖြစ်စေတယ်လို့ ပြောပါတယ်။

အချုပ်အားဖြင့် ပြောရရင် Task Killer တွေကိုမသုံးသင့်ပါဘူး။သင့်ဖုန်းမှာ Resources တွေကို အလွန်အကျွံ အသုံးပြုတဲ့ ညံ့ဖျင်းတဲ့ Apps တွေကိုရှာပြီး Uninstall လုပ်သင့်ပါတယ်။ Apps တွေကို RAM ကနေ Remove မလုပ်သင့်ကြောင်း စေတနာအပြည့်နဲ့ ဒီဆောင်းပါးကိုရေးသားလိုက်ပါတယ်။

Myanmar Digital Life Journal (Volume 2 Issue 27 မှ ဆောင်းပါးကို ကူးယူဖော်ပြပါသည်။)

OTA update တွေ ကို မိမိဖုန်းက ဘယ်လင့်က ဆွဲနေလဲ ဆိုတာ ကြည့်ကြမယ်

ခုဖော်ပြပေးတဲ့ နည်းလေးကတော့ မိမိဖုန်းက OTA Update တွေကို ဘယ်လင့်က ဆွဲနေလဲဆိုတာကို ကြည့်လို့ရနိုင်မဲ့နည်းလမ်းလေးပါ။ မိမိဖုန်းနဲ့ သက်ဆိုင်သော Driver ကို ကွန်ပျူတာမှာ Install လုပ်ပေးရန်လိုအပ်ပါတယ် ADB ကနေသွားရမှာ ပေးထား ADB Tool လေးကို ဒေါင်းလုပ်ဆွဲပြီး  zip ဖြည်ပြီး C: အောက်မှာ ထားပေးပါ။

ပြီးသွားရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကိုချိတ်ပါ။ usb debug တော့ on မယ်နော်
"C:\ADB-Tools\ " colons အောက်ကနေ အောက်ကပေးထားတဲ့ command လေးရိုက်ပေးပါ။
adb devices
adb logcat -d -f /sdcard/logcat.txt *:V
ပြီးသွားရင်တော့ cmd ကိုပိတ်လိုက်ပါ။ ဖုန်းကို ကွန်ပျူတာကနေဖြုတ်ပြီးပြန်တပ်ပါ။ sdcard မှာ
logcat.txt ဖိုင်လေးတွေ့ပါပြီး အဲဒီဖိုင်လေးကို computer ပေါ်သို့ ကော်ပီ ကူးပြီး notepad ဖြင့်ဖွင့်ကြည့်လိုက်ပါ အထဲမှာ မောင်မင်းကြီးသားက ဆွဲနေတဲ့ ဆိုက်ကိုတွေ့ပါပြီ။
လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။

Saturday, October 26, 2013

တင်ထားသမျှ မြန်မာ ebook များ စုစည်းမှု့ (ညီနေမင်း နည်းပညာမှ ပြန်လည်မျှဝေသည်...)

ကျနော် ယခုပို့စ်တွေကို အုပ်စုအလိုက် ခေါင်းစဉ်တွေနဲ့ ခွဲပြီးတော့ တင်ပေးမှာ ဖြစ်ပါတယ်။ စာအုပ်တွေကို ကဏ္ဍအလိုက် ခွဲထားပါတယ်။

  • Adobe product စာအုပ်များ စုစည်းခြင်း ခေါင်းစဉ်ဖြင့် Adobe ကနေ ထုတ်လုပ်ထားတဲ့ Software တွေကို အသုံးပြုနည်းစာအုပ် စုစုပေါင်း 11 အုပ်တင်ပေးထားပါတယ်။ လိုချင်ရင်  ဒီမှာ Download လုပ်လိုက်ပါ။
  • Computer ပြုပြင်မှု့ပိုင်းဆိုင်ရာနှင့် A+ ဆိုင်ရာစာအုပ်များ စုစည်းခြင်း ဆိုင်ရာစာအုပ်များ ကို ဒီမှာ Download လုပ်ယူလိုက်ပါ။
  • Graphic Design နှင့်ပတ်သက်သော Ebook များ ကို ပေါင်းစုပေးထားပါတယ်။  ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
  •  Group (1) O/S & Computer collection (Myanmar Ebooks) (26 MB)   စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
  • Group (2) Window O/S Ebooks Collection (125 MB)    စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
  • Group (3) PC Service Ebooks Collection (143 MB)  စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
  • Group (4) Graphic Ebooks collection (133 MB)  စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
  • Group (5) Networking Ebook Collection (110 MB) စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
  • Group (6) Web Essential Ebook collection (27 MB)   စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။ 
  • Group (7) Programming Ebooks Collection (62 MB)  စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။ 
  • Group (8) Internet Ebook Collection (158 MB)  စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
  • Group (9) Photo and Video Editing Collection (82 MB) စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
  • Group (10) Adobe Product Ebook collection (114 MB)  စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
  • Group (11) C++ Ebooks  စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
  •  Group(12) Collection Ebooks စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
  • Group (13) Linux, Android and other စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင် ပါတယ်။
  • Group (14) Mixed Ebooks  စုစည်းမှု့ စာအုပ်များ ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။

စီးကရက်ကြိုက်သူများအတွက် သတင်းကောင်း

Kingsong Luxurious Electronic Cigarette Starter Kits လို့ခေါ်တဲ့ electronic cigarette setလေးပါ။ စီးကရက်တစ်အားကြိုက်သူများ ကျန်းမာရေးအတွက် စိုးရိမ်စရာမလိုတဲ့ အဖော်မွန်ဖြစ်လာမှာပါ။

စီးကရက်ကို လက်တည့်စမ်းချင်သော သူများအတွက်လည်း တစ်ကယ့်စီးကရက် အရသာကို ခံစားနိုင်အောင် ပေးစွမ်းနိုင်အုံးမှာပါ။

ဆေးရွက်ကြီးမပါ ၊ မီးညှိစရာလည်းမလို ၊ သောက်လိုက်လို့ စီးကရက်တိုပြီး ကုန်သွားမှာကိုစိုးရိမ်စရာလည်း မလို ၊ ကျန်းမာရေးကို ထိခိုက်စေမည့်
ဆေးလိပ်ငွေ့ ထွက်ရှိခြင်းအလျင်းမရှိစတဲ့ ဆောင်ပုဒ်များနဲ့ စီးကရက်ကြိုက်သူတွေနဲ့ လက်တည့်စမ်းချင်တဲ့သူတွေကို ဆွဲဆောင်နိုင်တဲ့ ကောင်းမွန်တဲ့နည်းပညာမြင့်ပစ္စည်းလေးတစ်ခုပါ။

ဈေးနှုန်းကလည်းအသင့်အတင့်ပါပဲ။ အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့
http://www.ahappydeal.com/product-121471.html?lkid=8175&utm_source=facebook&utm_medium=facebook_Tec&utm_campaign=wangjun ပြည့်စုံစွာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Kyaw Kyaw Hein
MM Social Sky

Blackberry Z30 စမတ်ဖုန်းသစ် မိတ်ဆက်

Blackberry ကုမ္မဏီရဲ့  မော်ဒယ်မြင့် ဖုန်းစီးရီ Z ရဲ့  နောက်ထပ် မျိုးဆက် Z30 ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။

မျက်နှာပြင် အရွယ်အစား ၅ လက်မ ရှိပြီး resolution က 1280x720 ရှိပါတယ်။ ppi 295 မို့ အရည်အသွေး ကောင်းတဲ့ မျက်နှာပြင်အမျိုးအစားထဲ ပါဝင်ပါတယ်။ AMOLED Display ပါ။ ဖုန်း ရဲ့  dimension အတိအကျ ကတော့ 140.7 x 72 x 9.4mm ဖြစ်ပါတယ်။ ဘက်ထရီက 2880mAh ရှိပါတယ်။ internal memory က 16GB ပါရှိပြီး microSD နဲ့ ထပ်တိုးနိုင် ပါတယ်။ 1.7 GHz Qualcomm Snapdragon S4 Pro chipset ကို အသုံးပြုပြီး RAM က 2GB ပါ။ နောက်ကင်မရာ 8 Megapixel, ရှေ့  ကင်မရာ 2 Megapixel စီ ပါရှိပြီး ကင်မရာ မှာကျ လက်ရှိ အမြင့်ဖုန်းများထက် နည်းနေတာ တွေ့ရပါတယ်။
ဈေးနှုန်းကတော့ ဗြိတိန်ပေါင် ၆၀၀ ဝန်းကျင် ရှိပြီး ၂၀၁၃ နှစ်မကုန်ခင် ဖြန့်ချိ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint

.

First Look: ဘက်စုံသုံး စမတ်ဖုန်း (သို့) ALCATEL ONE TOUCH HERO

IFA 2013 နည်းပညာပြပွဲရဲ့ အထူးခြားဆုံးသော စမတ်ဖုန်းအား ရွေးချယ်ပါဆိုလျှင် ALCATEL ONE TOUCH HERO အား ရွေးချယ်ရပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီစမတ်ဖုန်းဟာ “ဘက်စုံသုံး” ဆိုတဲ့ အခေါ်အဝေါနဲ့ အမှန်တကယ်ကို လိုက်ဖက်တဲ့ ပထမဆုံးသော စမတ်ဖုန်း ဖြစ်နေလို့ပါပဲ။ ကြီးမားကျယ်ပြန့်ပြီး ပုံထွက်ကောင်းမွန်လှတဲ့ ၆ လက်မ အရွယ် မျက်နှာပြင်နဲ့ စွမ်းဆောင်ရည် မြင့်မားလှတဲ့ အချက်တွေအပြင် Stylus Pen ၊ E Ink သုံး အဖုန်းနဲ့ Pico ပရော်ဂျက်တာတို့ကိုပါ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အိမ်သုံး၊ ရုံးသုံး၊ ကျောင်းသုံး အဖြစ် ဘက်စုံသုံးနိုင်အောင် အဖက်ဖက်က ပြီးပြည့်စုံနေတဲ့ စမတ်ဖုန်းပါပဲ။

ALCATEL ONE TOUCH HERO ရဲ့ ၆ လက်မ မျက်နှာပြင်ရဲ့ ပုံထွက်နှုန်းဟာ 1920 x 1080 pixel ရှိလို့ Full HD မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ လက်ရာမထင်အောင်လည်း Oleophobic အလွှာပါး ဖုန်းအုပ်ပေးထားပါတယ်။

စက်ပိုင်းဆိုင်ရာမှာတော့ quad-core ပရော်ဆက်ဆာ၊ 2GB RAM နဲ့ 8GB (သို့) 16GB သိုမှီးမှုပါမာဏတို့ကို ထည့်သွင်းပေးထားပါတယ်။ ထူးခြားတာကတော့ 16GB မော်ဒယ်မှာ ဆင်းမ်ကဒ် ၂ ကဒ် ထည့်သွင်းလို့ ရမှာဖြစ်ပါတယ်။ 32GB ပမာဏအထိ ထည့်သွင်းနိုင်မယ့် microSD အပေါက်နဲ့ 3400 mAh အားရှိတဲ့ ဘက္ကထရီကိုလည်း တပ်ဆင်ပေးထားပါတယ်။

HERO ကို အမှတ်မထင်ကြည့်ရင် Samsung Galaxy Note II နဲ့ တူသယောင်ရှိနေပြီး ပါဝင်တဲ့ Stylus Pen ဟာလည်း Note ရဲ့ Stylus နဲ့ ဆင်နေပြန်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေက ထူးခြားပြီး ကောင်းမွန်နေတာတော့ မဟုတ်ပါဘူး။ ဒီစမတ်ဖုန်းနဲ့ တွဲဖက်ပြီး အသုံးပြုဖို့ သီးသန့်ထုတ်လုပ် ပေးထားတဲ့ ပစ္စည်းလေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါကျမှသာ “ဘက်စုံသုံး” စမတ်ဖုန်းတစ်ခု ဖြစ်လာမှာပါ။

ပထမဆုံး ပစ္စည်းကတော့ TV Link ခေါ် မိမိရဲ့ တီဗီနဲ့ ကြိုးမဲ့ချိတ်ဆက်ပြီး ဖုန်းပေါ်မှာ ပေါ်နေသည့် မြင်ကွင်းအား တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
HERO ရဲ့ အနောက်ဖက် ညာဖက်ခြမ်းမှာ pin တွေ တပ်ဆင်ထားတာကို တွေ့နိုင်ပါတယ်။ ဒီ Pin တွေဟာ ကြိုးမဲ့အားသွင်းနိုင်တဲ့ case နဲ့ LED မီးလုံးလေးတွေနဲ့ notification တွေကို ဖော်ပြပေးနိုင်တဲ့ Megaflip လို့ခေါ်တဲ့ case တို့ကို ချိတ်ဆက်တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ဤ ထပ်ဆောင်းပစ္စည်းများအနက် အထူးခြားဆုံးကတော့ E Ink မြင်ကွင်း တပ်ဆင်ထားတဲ့ cover ပဲဖြစ်ပါတယ်။ ဒီ E Ink မြင်ကွင်းကို အသုံးပြုပြီး စာဖတ်ခြင်း ၊ text message ကြည့်ခြင်းနဲ့ အခြားသော အချက်အလက်များကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံး ထပ်ဆောင်းပစ္စည်းကတော့ Pico ပရော်ဂျက်တာပဲ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ pin တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်မယ့် ဤ ပရော်ဂျက်တာလေးဟာ HERO စမတ်ဖုန်းအတွက် သီးသန့် ထုတ်လုပ်ထားတာဖြစ်ပြီး လက်မ ၇၀ အရွယ် မြင်ကွင်းအား ချိန်ထိုးဖော်ပြ ပေးနိုင်မယ်လို့ သိရှိရပါတယ်။

HERO အား အဖြူ၊ အနက်နှင့် အပြာရောင်များဖြင့် ထုတ်လုပ်သွားမယ်လို့ သိရှိရပြီး ဈေးနှုန်းနှင့် စတင်ဖြန့်ချိမည့် အချိန်တို့ကိုမူ မသိရှိရသေးပါ။

Android ဖုန်းအား အသုံးပြုပြီး လေယာဉ် ထိန်းချုပ်မှုစနစ်အား ဖောက်ထွင်းဝင်ရောက်နိုင်

ကွန်ပြူတာလုံခြုံရေး ပညာရှင်လည်းဖြစ်၊ လေယာဉ်မှူးလည်း ဖြစ်သူ Hugu Teso တည်ထွင်လိုက်သည့် PlaneSploit ဟု အမည်ရသည့် Android app သည် ဝေဟင်ယံမှ လေယာဉ်တစ်စီးအား အဝေးတစ်နေရာမှ ဖောက်ထွင်းဝင်ရောက်ပြီး လေယာဉ်အား အလုံးစုံ ထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိနေကြောင်း သိရှိရသည်။

ဟော်လန်နိုင်ငံ၊ အမ်စတာဒမ်တွင် ပြုလုပ်ခဲ့သည့် Hack in the Box လုံခြုံရေး ဆွေးနွေးပွဲတွင် အဆိုပါ app အား လေယာဉ်မောင်းသင်စနစ် (flight simulator) အသုံးပြုကာ သရုပ်ပြခဲ့ပြီး ကွန်ပြူတာပုံဖော် လေယာဉ်၏ ထိန်းချုပ်မှုစနစ်အား ဖောက်ထွင်းဝင်ရောက်က လေယာဉ်၏ ခရီးလမ်းကြောင်းအား ပြောင်းလဲပေးနိုင်ခဲ့သည်။

ပို၍ထူးခြားသည်မှာ Teso အနေဖြင့် ဤ app အား တည်ထွင်ရန် ၃ နှစ်ကြာမျှ အချိန်ယူပြီး လေကြောင်းလုံခြုံရေး ကဏ္ဍအကြောင်းအား လေ့လာခဲ့ရသလို လိုအပ်သည့် ပစ္စည်းများနှင့် ဆော့ဖ်ဝဲများအား eBay မှ စုဆောင်းဝယ်ယူခဲ့ရသည်။ ယင်းနောက် လေယာဉ်ထိန်းချုပ် စနစ်များအတွင်းရှိ လစ်ဟာချက်များအား ရှာဖွေလေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် အံသြစရာကောင်းသလို စိုးရိမ်စရာလည်း လွန်စွာကောင်းနေသည့် ဤ app အား အောင်မြင်စွာ ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

PlaneSploit app အဓိက ဖောက်ထွင်းဝင်ရောက်သည့် နည်းပညာ ၂ ခုမှာ အလိုအလျောက် စောင့်ကြည့်ထုတ်လွှင့်မှု နည်းပညာ (Automatic Dependent Surveillance-Broadcast – ADS-B) နှင့် လေယာဉ် ဆက်သွယ်မှုနှင့် အကြောင်းပြန်မှု (Aircraft Communications Addressing & Report System – ACARS) တို့ ဖြစ်သည်ဟု သိရှိရသည်။

ADS-B နည်းပညာသည် ဝေဟင်ယံ၌ ပျံသန်းနေသည့် လေယာဉ်တစ်စီး၏ တည်နေရာ၊ အမြင့်၊ အမြန်နှုန်း စသည့် အချက်အလက်များအား လေယာဉ်ပေါ်၌ ထုတ်လွှင့်စက်မှတဆင့် လေကြောင်းထိန်းသိမ်းရေး တာဝါများထံသို့ ပို့လွှတ်စေပြီး အပြန်အလှန်အားဖြင့် မြေပြင်ပေါ်မှ လေယာဉ်၏ တည်နေရာ ပတ်ဝန်းကျင်ရှိ အခြားလေယာဉ်များအား အသိပေးသည့် နည်းပညာဖြစ်သည်။

ACARS နည်းပညာမှာမူ လေယာဉ်တစ်စီးနှင့် တစ်စီး (သို့) ဝေဟင်မှ မြေပြင်သို့ ရေဒီယို (သို့) ဂြိုဟ်တုအသုံးပြုပြီး ဆက်သွယ်ပြောကြား နိုင်သည့်စနစ်ဖြစ်သည်။

PlaneSploit app အသုံးပြုကာ ADS-B စနစ်အား ဖောက်ထွင်းဝင်ရောက်ပြီး မိမိ အလိုရှိရာ လေယာဉ်နှင့် ဆက်စပ်ထိန်းချုပ်မှု စနစ်တို့အား ရှာဖွေရရှိနိုင်ပြီး ထိုမှတဖန် ACARS ကို ဖောက်ထွင်းဝင်ရောက်ခြင်းကာ လေယာဉ်ပျံသန်းမှုပုံစံအား ပြောင်းလဲနိုင်သည့် code များ ထည့်သွင်းနိုင်ခြင်းဖြစ်သည်။

သို့သော်လည်း ဥရောပ လေကြောင်းလုံခြုံရေး အေဂျင်စီ ၏ အဆိုအရ PlaneSploit app သည် flight simulator ပရိုဂရမ်မှ လေယာဉ်အား ထိန်းချုပ်ပြခဲ့ခြင်းဖြစ်ကြောင်း ဆော့ဖ်ဝဲပရိုဂရမ်နှင့် လေယာဉ်အစစ်ပေါ်ပါ ထိန်းချုပ်စနစ်နှင့် ဆက်စပ် လုံခြုံရေး ဆော့ဖ်ဝဲတို့မှာ များစွာ ကွာခြားကြောင်း မှတ်ချက်ပြုခဲ့သည်။

Sim Card အကြောင်း သိကောင်းစရာ

မိုဘိုင်း ဆင်းမ်ကဒ်အကြောင်း သိကောင်းစရာ Saturday, October 19, 2013 SIM Card ဆိုတာ subscriber identity module သို့မဟုတ် subscriber identification module လို အရှည်ခေါ်ပါတယ်။ မြန်မာလို တိတိကျကျကြီး ဘာသာပြန်ရရင် လစဉ်/ နှစ်စဉ်ကြေး ပေးသွင်းသူ၏ အထင်အရှားလက္ခဏာ များအား သိမ်းဆည်းထားရာ အစိတ်အပိုင်းတစ်ခု လို့ အဓိပ္ပါယ် ရပါတယ်။ တစ်ခါတစ်လေကျရင် တိတိကျကျကြီး ဘာသာပြန်လိုက်တာထက် အင်္ဂလိပ်လို မှတ်သားတာ အကောင်းဆုံးပါပဲ။ သူက Portable Memory Chip လိုမျိုးပါပဲ။ ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာအတွက် အထောက်အပံ့ ပေးတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက် စကားပြောလိုလို့ ရမယ်၊ စကား အသံ အဖြစ်သို့ ပြောင်းလဲပေးမယ့် Transmitter, Receiver ပါရှိ တယ်လီဖုန်းနဲ့ တွဲဆက်အသုံးပြုလိုက်တဲ့အခါ မိုဘိုင်းဖုန်း ဆိုပြီး ဖြစ်လာပါတယ်။ ပါဝင်တဲ့အစိတ်အပိုင်းများက ပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ SIM card မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏလည်း အသင့်တင့် ရှိပါတယ်။ ယင်းကလည်း ထုတ်လုပ်သူအပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့ မြန်မာပြည်က SIM Card မှာဆိုရင် Phone Address ဘယ်နှစ်ခု ထည့်သွင်း သိမ်းဆည်းနိုင်တယ်ဆိုပြီး သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။ အလုပ်လုပ်တဲ့ Network အပေါ်မှာမူတည်ပြီးတော့ GSM, CDMA, WCDMA အစရှိသဖြင့် ကွဲပြားသွားပါတယ်။ GSM ဆိုရင်တော့ Global System for Mobile Communications (GSM) network ပါ။ ဒီအတွက် SIM Card မှာ ကတည်းက တစ်ခါတည်း Program သွင်းထားတဲ့အတွက် CDMA ပဲ Support လုပ်တဲ့ စမတ်ဖုန်းတွေမှာ ထည့်ပြီး အသုံးပြုလို့ မရပါဘူး။ CDMA တို့ဆိုရင်လည်း ဒီတိုင်းပဲ ဖြစ်ပါတယ်။ SIM ကဒ်ကို အကြမ်းအားဖြင့် အမျိုးအစား လေးမျိုး ထပ်ခွဲပါသေးတယ်။ H1 - သာမန်ကွန်ရက်ကို အသုံးပြုသော ဆင်းမ်ကဒ် H2 - သာမန်ထက်ပိုကောင်းသော ကွန်ရက်ကို အသုံးပြုသော ဆင်းကဒ် H3 - ပိုမိုကောင်းမွန်သော ကွန်ရက် H4 - အကောင်းဆုံး ကွန်ရက် ကို အသုံးပြုသော ဆင်းကဒ် Normal, Better, Better Better, Best ဆိုပြီး အင်္ဂလိပ်လို အလွယ်ပြော လိုက်ပေမယ့် သူ့မှာ Specification ထပ်ကွဲပါသေးတယ်။ ဧရိယာ အကျယ် အဝန်း၊ အပိတ်အဆို့ (Barrier) ဖြတ်သန်းနိုင်စွမ်း၊ မီတာ အကွာအဝေး အစရှိသဖြင့် ထည့်သွင်းတွက်ချက်ပြီး အဆင့်ကို ခွဲခြားထားခြင်း ဖြစ်ပါတယ်။ H4 အဆင့်ကတော့ သာမန်အရပ်သားတို့ အသုံးပြုဖို့ ထုတ်လေ့ထုတ်ထ မရှိပါဘူး။ စစ်တပ်နဲ့ အရေးကြီးပုဂ္ဂိုလ်များ၊ လုံခြုံရေးဝန်ဆောင်မှုနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေမှာသာ H4 အဆင့်ရှိ SIM Card ကို နိုင်ငံတကာမှာ ပေးသုံးလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ H4 ကဒ် အမျိုးအစားက Bandwidth ပိုစားတဲ့အတွက် အခြား ဖုန်းများရဲ့  လိုင်းဆွဲ အားကို သိသိသာသာ ကျဆင်းစေလို့ ဖြစ်ပါတယ်။ SIM အရွယ်အစားမှာဆိုရင်လည်း Normal SIM, Mini SIM, Micro SIM, Nano SIM အစရှိသဖြင့် အရွယ်အစား အမျိုးမျိုး ထပ်ကွဲပြား ပါသေးတယ်။ ယနေ့ စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုတာက Mini နဲ့ Micro ဖြစ်ပေမယ့် နောက်ပိုင်း စမတ်ဖုန်းတွေက Nano SIM ကို အသုံးပြုတာကို ဦးတည်လာကြပါတယ်။ SIM ထုတ်သူများက နိုင်ငံတကာ နဲ့ တန်းတူဖြစ်အောင် SIM အရွယ်တစ်ခုကို သတ်မှတ်ပြီး ထုတ်ထား ခြင်းပါ။ Clearance အနေနဲ့ အပြင်အသားက သိသိသာသာ ပိုပါတယ်။ ယင်းအသားက မပါလည်း ဖုန်းကွန်ရက်ကို မထိခိုက်စေပါဘူး။ ရွယ်ရွယ်ချက်က စမတ်ဖုန်းတွေထဲ ထည့်တဲ့အခါ အဆင်မပြေရင် ဖြပ်ညှပ် လိုက်လို့ရအောင်ပဲ ဖြစ်ပါတယ်။ ယင်းတစ်ချက်တည်းတော့ မဟုတ်ပါဘူး။ SIM ကဒ်ထုတ်သူ Company ရဲ့  အချက်အချက်ကို ထည့်သွင်းရေးသားဖို့ အတွက်လည်း နေရာ ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်လည်း ရှိပါ သေးတယ်။ ထားလိုက်ပါ။ ကဒ်ရဲ့  အထူကတော့ အားလုံး ၀.၇၆ မီလီမီတာ ဖြစ်ပါတယ်။ Service Provider များက သက်ဆိုင်ရာ SIM Card များရဲ့  Data Security နဲ့ Phone call များအား လုံခြုံမှုရှိအောင် ထိန်းသိမ်းပေးရ ပါတယ်။ ဖုန်း အဝင်အထွက်၊ ကြာချိန်၊ နာရီစက္ကန့်အားလုံး Service Provider တို့ Data Center မှာ ရှိပါတယ်။ အကယ်၍ SIM Card ရဲ့  Data နဲ့ ပက်သက်လို့ သို့မဟုတ် အသုံးပြုမှု အမှားအယွင်း တစ်ခုခုဖြစ်ပေါ်ရင် Lock ကျစေမ့ယ် စနစ်လည်း ပါဝင်တာကို လူတိုင်း သိမှာပါ။ GSM Network မှာတောင်မှ 1G, 2G,3G,3.5G, 4G အစရှိသဖြင့် ထပ်ကွဲ ပါသေးတယ်။ ယနေ့ အများစု အသုံးပြုမှုက 3G ဖြစ်ပြီး ဗီဒီယိုနဲ့ Data ပါ Transfer လုပ်လို့ ရပါတယ်။ 4G ကတော့ နောက်ဆုံးပေါ် နည်းပညာပါ။ ဥရောပမှာဆိုရင် LTE လို့ ခေါ်ပါတယ်။ 4G လည်း Voice, Video, Data Tranfer ပါပဲ။ သို့ပေမယ့် Speed ကျတော့ 3G ထက်သိသိ သာသာ ကောင်းသွား ပါတယ်။ 2G က မလုံခြုံပါဘူး။ 2G ကွန်ရက်သုံးတဲ့ ဖုန်းဖြစ်ရင် လုံခြုံရေးနဲ့ ပက်သက် လို့ အရေးကြုံတဲ့အခါ ကဒ်ကိုဖုန်းထဲက ထုတ်ထားတာ အကောင်း ဆုံးပဲလို့ လေ့လာဖူးပါတယ်။ ယင်း Module က Device ထဲ ထည့်ထားတဲ့ အခါ ဖုန်းကို Power out ထားလည်း ကွန်ရက် Center ကနေ ထောက်လှမ်းလို့ လွယ်ကူလို့ ဖြစ်ပါတယ်။

Samsung Galaxy Note 3 ကို EFS Data (IMEI) Backup and Restore လုပ်ကြမယ်

Galaxy Note 3 SM-N900 or SM-N9005 Model နှစ်မျိုးအတွက်ပါ လွယ်ကူစွာပြုလုပ်နိုင်မဲ့နည်းလမ်းလေးပါ။
မိမိဖုန်းနဲ့ သက်ဆိုင်သော Tool ကိုတော့ အောက်မှာ ရွေးချယ်ပြီး ဒေါင်းပါ။
Backup and Restore လုပ်မဲ့ ဖုန်းမှာတော့ Root ဖြစ်ဖို့လိုအပ်ပါတယ်။
ဒေါင်းလုပ်ဆွဲပြီးသွားရင်တော့ usb debug နဲ့ unknow sources on ထားဖို့လိုအပ်ပါတယ်။
လုပ်ထားပြီးရင် ကွန်ပျူတာနဲ့ဖုန်းကိုချိတ်ပါ။ ဒေါင်းလုပ်ဆွဲပြီး ရလာသောဖိုင်ထဲမှ " EFS-BACKUP.bat "ဆိုတာလေးကို run ပေးလိုက်ပါ။ popup window လေးတတ်လာပါလိမ့်မယ်။

 အထဲမှာ ပါတဲ့အညွှန်းအတိုင်းပဲလုပ်လိုက်ပါ။ backup လုပ်မယ်ဆို 1 enter ပါ ဆက်သွားမယ်ဆို y ကို ရွေးပြီး enter ထပ်နှိပ်လိုက်ပါ။ သူဖာသာလုပ်သွားပါလိမ့်မယ်။ Restore ပြန်လုပ်မယ်ဆို 2 ပါ။ comfirm box ထပ်တတ်လာရင် တော့ပထမအတိုင်း y enter ပဲနှိပ်လိုက်ပါ။ 
 Odin3 3.09 auto admin နဲ့တတ်လာပါလိမ့်မယ်။ 
နောက်တစ်ဆင့်အနေနဲ့ကတော့ Restore လုပ်ရန် backed Up ထဲက EFS file has .tar.gz extension ခေါ်ရန်အတွက်  4 ကိုနှိပ်ပေးလိုက်ပါ။ restore လုပ်သွားပါလိမ့်မယ်။ ခုဖော်ပြပေးတဲ့နည်းလမ်းလေးက လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေး မို့ ပြန်လည်မျှဝေပေးတာပါ။ သူငယ်ချင်းများဖုန်းကိုလည်း တစ်ခုခုကလိတော့မယ်ဆိုရင် backup ယူထားလို့ရအောင်ပါ။ သူငယ်ချင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။

အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၄၀)

အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၄၀) ကို download ပြုလုပ်နိုင်ပါပြီ။ (33.23MB)

http://www.mediafire.com/download/y76u86mm2nxqmmp/Internet+Journal+14-40.pdf

Tuesday, October 22, 2013

adobe flash player Offline (or) Online install လုပ်နည်း

flash player ကတော့ ကျနော်တို့ အင်တာနက်သုံးပြီဆိုလျှင် မဖြစ်မနေ ထည့်သွင်းထားရပါမယ်။ flash player မထည့်ထားခြင်းကြောင့် မိမိကြည့်တဲ ဆိုက်မှာ flash ပါနေလျှင် အလုပ်မလုပ်တော့ပါဘူး။ ပြီးတော့ ကျနော်ဆိုက်ရဲ့ Download လင့်တော်တော်များများကို adf.ly ခံထားပါတယ်. တစ်ချို့စက်တွေမှာ adf.ly က SKIP AD  မပေါ်တာဟာ မိမိရဲ့ browser မှာ flash player မထည့်ထားလို့ပါ။ flash player မထည့် ထားခြင်းကြောင့် youtube ကြည့်တဲ့အခါမှာလည်း error ခဏခဏပြတာမျိုး ကြုံရမှာပါ။ အဲ့ဒီ့အခါမျိုးကျရင် ကျနော်တို့ flash player ကို install မဖြစ်မနေ လုပ်ပေးရမှာ ဖြစ်ပါတယ်။ လုပ်ပုံလုပ်နည်းကို လည်းရှင်းပြပေးလိုက်ပါတယ်။ များသောအားဖြင့် video ဖိုင်အနေနဲ့ ရှင်းပြချင်ပေမယ့် တော်တော် များများက လိုင်းမကောင်းတာကြောင့် ပုံနဲ့ပါ ရှင်းပြပေးလိုက်ပါတယ်။

adobe flash player ကို install လုပ်နည်း(၂) နည်းရှိပါတယ်။
၁။ Online ချိတ်ပြီးတော့ install လုပ်နည်း
၂။ Offline ဖြင့် install လုပ်နည်း

(၂)မျိုးစလုံးကို ရှင်းပြပေးလိုက်ပါတယ်။
၁။  Online ချိတ်ပြီးတော့ install လုပ်နည်း
(၁)ပထမဦးစွာ ဒီကို သွားလိုက်ပါ။
ပုံ(၁) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။

 (၂) Download လုပ်သည့် နေရာမှာ Mca Fee ဆိုသည့် antivirus ခံနေပါလိမ့်မည်။ အမှန်ခြစ်ဖြုတ်ပေးပါ။
ပုံ(၂) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။

(၃) Initializing ဆိုသည့် loading စာတမ်းပေါ်လာပြီး Download link ကျလာပါလိမ့်မယ်။ တကယ်လို့ မကျလာဘူးဆိုရင် ဒီကို နှိပ်ပြီး Download လုပ်ယူနိုင်ပါတယ်။
ပုံ(၃) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။

(၄) Install Flash player ဆိုသည့် အမည်ဖြင့် ဖိုင်တစ်ဖိုင် ရလာပါလိမ့်မယ်။ ရလာသည့် flash player ဖိုင်လေးကို copy & paste လုပ်ပြီး တစ်ဖိုင်ပွားယူထားလိုက်ပါ။ ဘာလို့ ပွားခိုင်းတာလဲ ဆိုရင် အဆိုပါ install လုပ်ပြီဆိုရင် Download လုပ်လို့ရထားတဲ့ ဖိုင်လေးဟာ အလိုလို ပျောက်သွားမှာ ဖြစ်ပါတယ်။ လိုင်းကျတဲ့အချိန်နဲ့ ကြုံနေခဲ့ရင်  install လုပ်တုန်း ပြုတ်ကျသွားခဲ့ရင် download လုပ်ထားတဲ့ ဖိုင်မရှိတော့ တဲ့အတွက် နောက်တစ်ကြိမ် ထပ်ပြီးတော့ Install flash player ဖိုင် ပြန်ရအောင် Download ထပ်လုပ် ရဦးမှာပါ။ copy ကူးထားတော့ တကယ်လို့ လိုင်းကျလို့ install လုပ်တာ မအောင်မြင်ခဲ့ရင် ပွားထားတဲ့ ဖိုင်နဲ့ install လုပ်လို့ရပါတယ်။  Download ထပ်လုပ်စရာမလိုတော့ အောင်လို့ copy ကူးထားခိုင်းတာပါ။

ပုံ(၄) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။

(၅) Install လုပ်ပါလိမ့်မယ်။ ပြီးသွားတဲ့အချိန် finished ဆိုသည့် button လေးအား နှိပ်ပေးလိုက်ပါ။
ပုံ(၅) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။

(၆) ဒါဆိုရင်တော့ install လုပ်တာ နောက်ဆုံးအဆင့် ပြီးဆုံးသွားပါပြီ။

ပုံ(၆) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။

(၇) မိမိ install လုပ်တာ Firefox ထဲကို ရောက်သွားလား မရောက်သွားလား သိချင်ရင်တော့ Firefox browser ကို ဖွင့် Menu bar က  Tools ကိုနှိပ်ပြီး Add-ons ကို ရွေးပေးလိုက်ပါ။ အခုလိုမျိုး shockwave flash ဆိုသည့် addons လေး ရောက်နေပြီဆိုရင်တော့ flash player ကို install လုပ်ခြင်း ကိစ္စလုံးဝ အောင်မြင်သွားပြီဖြစ်ပါတယ်။

ပုံ(၇) ပုံသေးနေလျှင် ပုံကို ကလစ်နှိပ်လိုက်ပါ ကြီးလာပါလိမ့်မယ်။
--------------------------------------------------------------------------------------
၂။ ဒုတိယနည်းကတော့ offline install လုပ်နည်းပါ။ ဒီမှာ download လုပ်ယူလိုက်ပါ။ အဲ့ဒါကတော့ လွယ်ပါတယ်။ ရလာတဲ့ flash player ကို install လုပ်လိုက်ယုံပါပဲ။

Chrome Browser မှာ Zawgyi ဖြင့်ရေးထားသော website များအား ကောင်းကောင်း ရေး/ဖတ်လို့မရရင်

browser တွေ အများကြီး ရှိပေမယ့် အကြိုက်ဆုံး browser ကတော့ chrome လို့ပဲ ပြောရမှာပဲ။ Chrome browser ရဲ့ အဓိက အားသာချက်က web page တစ်ခုလုံးကို မိမိကြိုက်နှစ်သက်တဲ့ ဘာသာစကားကို translate လုပ်ပေးနိုင်တဲ့ အချက်ပါပဲ။ ရှာဖွေတဲ့ နေရာမှာ မြန်လည်းမြန်တော့ နောက်မှ ထွက်လာတဲ့ browser ဖြစ်ပေမယ့်။ လူသုံးအများဆုံးနှင့် လူကြိုက်အများဆုံး browser ဖြစ်သွားတာ သိပ်တော့ဖြင့် မထူးဆန်းလှပါဘူး။ chrome ကို သုံးနေပေမယ့် zawgyi ဖြင့် ရိုက်လို့မရတာ။ စာဖတ်ရင် မမြင်ရတာတွေကို အောက်မှာ တဆင့်ချင်း ရှင်းပြထားပေးပါတယ်။ အောက်မှာ ကြည့်ပြီး လုပ်ကြည့်လိုက်ပါ။
အောက်ပါ လုပ်ဆောင်ချက် (၂) ဆင့်ကို လုပ်ဆောင်လိုက်ပါ။ ပထမအဆင့်က font settings ၀င်ပြင်ခြင်းနှင့်  ဒုတိယအဆင့် Chrome Browser ရဲ့ Css မှာ Zawgyi ကို font family အဖြစ်ကြေငြာခြင်း စသည့် (၂) ဆင့်ကို လုပ်ဆောင်လိုက်လျှင် အဆင်ပြေပြေဖြင့် စာရိုက်ခြင်း၊ website မှာ ရှာဖွေခြင်း တွေကို zawgyi ဖြင့် ကောင်းစွာ အလုပ်လုပ်နိုင်မှာပါ။
ပထမအဆင့်
Font Settings မှာ ၀င်ပြင်ခြင်း
၁။ Chrome browser ကိုဖွင့်ပြီး settings ထဲကို ၀င်လိုက်ပါ။
ပုံ(၁) ပုံကြီး မမြင်ရလျှင် ပုံကိုနှိပ်လိုက်ပါ။
၂။ Settings ထဲသို့ ရောက်လျှင် အောက်ဆုံးကို ဆွဲချလိုက်ပါ။ ဒါဆိုရင် Show advanced settings ဆိုတာကို တွေ့ရပါလိမ့်မယ်။ နှိပ်လိုက်ပါ။
ပုံ(၂) ပုံကြီးမမြင်ရလျှင် ပုံကိုနှိပ်လိုက်ပါ။
 ၃။ ပုံ(၃)အတိုင်း Customize fonts ကို နှိပ်လိုက်ပါ။ 
ပုံ(၄) ပုံကြီး မမြင်ရလျှင် ပုံကိုနှိပ်လိုက်ပါ။
 ၅။ fonts setting မှာ ပြထားတဲ့အတိုင်း Zawgyi-One font ကို ရွေးပေးလိုက်ပြီး Done ကို နှိပ်ပေးလိုက်ပါ။
ပုံ(၅) ပုံကြီး မမြင်ရလျှင် ပုံကိုနှိပ်လိုက်ပါ။
ဒုတိယအဆင့်
Css မှာ Zawgyi-one font family အဖြစ် ကြေငြာခြင်း
ဒီအဆင့်မှာတော့ မိမိက တစ်ခြား unicode font များကို ရေးနိုင်ဖတ်နိုင်ဖို့ အတွက်ဆိုရင်လည်း တစ်ခြား font တွေကို Zawgyi-One နေရာရဲ့ နောက်မှာ font နာမည်ကို (,) ကော်မာ ခံပြီး ထပ်ဖြည့်လိုက်ယုံပါပဲ။
၁။ Start button ကိုနှိပ်ပြီး Document အပေါ်က မိမိကွန်ပျူတာနာမည်ကို နှိပ်လိုက်ပါ။ Dasktop က User နာမည်နဲ့ folder ကို ဖွင့်လည်း အတူတူပါပဲ။ တချို့ဆို desktop မှာ user folder ကို မဖော်ထားရင် ဖော်နည်းပါ ပြောပြနေရင် ရှည်သွားမှားလို့ ခုလိုမျိုး start icon ကနေ နှိပ်ပြီး သွားခိုင်းတာပါ။ ညာဖက် ထိပ်ဆုံးမှာ မိမိ ရဲ့ user name နဲ့ ပေါ်နေတဲ့ဖိုင်ကို နှိပ်ပေးလိုက်ပါ။

ပုံ(၁) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။

၂။ Organize ကို နှိပ်ပြီး folder and search options ကို ရွေးပေးလိုက်ပါ။
ပုံ(၂) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။
၃။ Don't show hidden files, folders, or drives ဆိုတာကို အမှန်ခြစ်ပေးထားလျှင် သူ့အောက်မှာ ရှိတဲ့ Show hidden files, folders and Drives ဆိုတာကို ပြောင်းပြီး အမှန်ခြစ်ပေးလိုက်ပါ။
ပုံ(၃) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။
၎။ AppData ဆိုတဲ့ နာမည်ဖြင့် ဖိုင်တစ်ဖိုင် အရောင်မှိန်မှိန်ဖြင့် ပေါ်လာ တာကို တွေ့ရပါ လိမ့်မယ်။ AppData ဖိုင်ကို နှိပ်ပြီးတော့ ဖွင့်လိုက်ပါ။

ပုံ(၄) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။
၅။ Local >> Google >> Chrome ကိုဖွင့်လိုက်ပါ။

ပုံ(၅) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။
ပုံ(၆) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။

ပုံ(၇) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။

၆။ User data ဆိုသည့် ဖိုင်ကို ထပ်နှိပ်ပြီးဖွင့်ပါ။

ပုံ(၈) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။

၇။ Default ကို ထပ်နှိပ်ပြီး ဖွင့်ပါ။

ပုံ(၉) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။
၈။ User Stylesheets ဖိုင်ကို ရွေးပြီး ဖွင့်လိုက်ပါ။

ပုံ(၁၀) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။

၉။ ကဲ ကျနော်တို့ ဖြည့်ထည့်ပြီး family font အဖြစ် ကြေငြာပေးမယ့် "Custom" ဆိုသည့် အမည်ဖြင့် css ဖိုင်ကို တွေ့ရပါလိမ့်မယ်။ right click ထောက်ပြီး Edit ကို နှိပ်ပြီးတော့ ဖွင့်တာပဲဖြစ်ဖြစ်၊ Double click နှိပ်ပြီး ဖွင့်တာပဲ ဖြစ်ဖြစ် ဖွင့်လိုက်ပါ။ notepad ဖိုင်ဖြည့် css ဖိုင်လေး ပွင့်လာပါလိမ့်မယ်။ အဲ့ဒါဆိုရင် ကျနော်တို့က အောက်မှာ ပြထားတဲ့ code ကို copy ကူးပြီး ထည့်လိုက်ပါ။ ပြီးလျှင် Save လုပ်လိုက်ပါ။

body, p, div, td, tr, h1, h2, h3, h4, h5, h6, para, a
{
font-family:Zawgyi-One;
}

input, select , textarea
{
font-family:Zawgyi-One;
}

ပုံ(၁၁) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။

ပုံ(၁၂) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။

ကဲဒါဆိုရင်တော့ chrome မှာ မြန်မာလို ရိုက်လို့ရပြီး မြန်မာစာလည်း ဖတ်လို့ အဆင်ပြေသွားပါပြီ။ အားလုံး ပဲအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ပုံချင်း ထည့်လိုက်တာသည် လုံးဝ မထည့်တတ် တဲ့သူများကို သိစေရန်အတွက် အခက်အခဲ မရှိစေရန်အတွက် တင်ပေးလိုက်တာ ဖြစ်ပါတယ်။

Snap VPN အသုံးပြုနည်း

      ယခုမိတ်ဆက်ပေးမယ့် App ကတော့ Snap VPN လို့ခေါ်တဲ့၊ VPN ကျော်တဲ့ App ပဲဖြစ်ပါတယ်။မိမိတို့ Android Phone တွေမှာ Google play store ကနေ Ga...