Wednesday, August 9, 2017

Snap VPN အသုံးပြုနည်း

      ယခုမိတ်ဆက်ပေးမယ့် App ကတော့ Snap VPN လို့ခေါ်တဲ့၊ VPN ကျော်တဲ့ App ပဲဖြစ်ပါတယ်။မိမိတို့ Android Phone တွေမှာ Google play store ကနေ Game တွေဒေါင်းရင်ပဲဖြစ်ဖြစ်၊ Software တွေ Application တွေဒေါင်းရင်ပဲဖြစ်ဖြစ် ဒေါင်းလို့မရပဲ အခက်ကြုံကြဖူးမှာပါ။ ထို့အပြင် အချို့ Website တွေကို ၀င်ကြည့်လို့မရတာမျိုးတွေဖြစ်ရင်ပဲ ဖြစ်ဖြစ် အဲ့လို အခြေအနေတွေကို ဒီ Snap VPN လို့ခေါ်တဲ့ App လေးကနေကူညီဖြေရှင်းပေးမှာပါ။ အရင်ဦးဆုံး App ကို ဒီမှာ Download ရယူပါ…….

      App ကိုဒေါင်းပီးတာနဲ့ Install လုပ်လိုက်ပါ။ Install လုပ်ပီးတာနဲ့ Snap VPN Software ကိုဖွင့်လိုက်ပါ။
      Software ကိုဖွင့်လိုက်တာနဲ့ အရင်ဦးဆုံးမြင်ရမှာက Ads ပေါ်လာမှာဖြစ်ပါတယ်။ 5 စက္ကန့်စောင့်လိုက်ရင်ရပါပြီ။
     5စက္ကန့် မစောင့်ချင်ပါက ညာဘက်အပေါ်ထောင့်က Skip ဆိုတဲ့စာသားလေးကိုနှိပ်လိုက်လို့ရပါတယ်။ အခုဆိုရင် ပုံမှာမြင်တွေ့ရတဲ့အတိုင်းပေါ်လာမှာပါ။ ဒါဆို Vpn ကိုစတင်အသုံးပြုပါမယ်။
      ပထမဦးဆုံး ကိုချိတ်ချင်တဲ့ နိုင်ငံတစ်ခုခုကိုရွေးပေးပါ။ ကျနော်ကတော့ အမြဲ Singapore ကိုပဲရွေးပါတယ်။ ရွေးပြီးနှိပ်လိုက်မယ်ဆိုရင် ဖော်ပြပါပုံစံအတိုင်း အ၀ိုင်းလေးထဲမျာ နိုင်ငံအလံနဲ့ အမှန်ခြစ်လေးကို တွေ့ရမှာပါ။
      ယခုလိုတွေ့ရပီဆိုရင်တော့ VPN ကျော်တဲ့လုပ်ငန်းစဉ်ပီးပါပြီ။ နောက်တစ်ဆင့်အနေနဲ့ကကိုယ်အသုံးပြုမယ့် Google Play Store (or) Any Browser ကို Phone setting ထဲဝင်ပြီးတော့ Force Stop လုပ်ပေးရမှာဖြစ်ပါတယ်။
      ယခုဆိုရင်တော့ Google Play Store က Software တွေ၊ Game တွေကို တံခါးမရှိဓားမရှိ ၀င်ရောက်မွှေနှောက် Download လုပ်ယူနိုင်မှာဖြစ်ပါတယ်။ အချို့ Website တွေကိုလည်း လွယ်လွယ်ကူကူ ၀င်ရောက်နိုင်မှာပဲဖြစ်ပါတယ်။
အားလုံး အဆင်ပြေချောမွေ့ကြပါစေခင်ဗျာ
အားလုံးကို ကျေးဇူးတင်ပါတယ်......အမုန်းတစ္ဆေ

Tuesday, August 8, 2017

SafeCities

မိမိတို့ နယ်မြေလုံခြုံရေးနဲ့ ပတ်သက်ပြီး အလွယ်တကူအကြောင်းကြားခြင်း၊ အကူအညီ ရယူခြင်းများကို ပြုလုပ်နိုင်မည့် App ဖြစ်သည်။ ရန်ကုန်မြို့တွင်း လုံခြုံရေးဆိုင်ရာအတွက် အသုံးပြုနိုင်ရန် ဖန်တီးထားခြင်းဖြစ်ပြီး ရဲစခန်း၊ မီးသတ်ဌာန၊ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အစိုးရဌာန၊ ပရဟိတ၊ လူမှုရေးနှင့် အခြားအဖွဲ့အစည်းများကို အလွယ်တကူဆက်သွယ်နိုင်မည် ဖြစ်သည်။ လုံခြုံရေးဆိုင်ရာ သိထားသင့်သည့်စာစဉ်၊ ဓာတ်ပုံ၊ အသံ၊ ဥပဒေ၊ ဗီဒီယိုများကိုလည်း App မှတစ်ဆင့် Download ပြုလုပ် လေ့လာနိုင်မည်ဖြစ်သည်။ ဆေးရုံ၊ ရဲ နှင့် မီးသတ်ဌာနများကို App မှပင် ခလုတ်တစ်ချက်နှိပ် ဆက်သွယ်နိုင်မည်ဖြစ်ပြီး မိမိတည်ရှိရာနယ်မြေ အခြေအနေသတင်းပို့ခြင်းကိုလည်း အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ App ကို မြန်မာ-အင်္ဂလိပ် ဘာသာနှစ်မျိုးဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး Android OS 4.0.3 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါသည်။
Appကို ဒီမှာDownload ရယူပါ။
ကျေးဇူးတင်ပါသည်။

Ref: Internet Journal 7.8.2017

Sunday, June 22, 2014

ဥာဏ်ထိုင်းစေသည့် ဘဝနေထိုင်မှုပုံစံ


ဥာဏ်ထိုင်းစေမယ့် ဘဝနေထိုင်မှု ပုံစံ ၁၀ ချက်ဆိုပြီး ဆေးပညာ ဝဘ်ဆိုဒ် ဖော်ပြထားပါတယ်။
၁။ မနက်စာ မစားခြင်း
မနက်စာ မစားခြင်းကလည်း ဥာဏ်ထိုင်းစေပါတယ်တဲ့။ မနက်စာ မစားတဲ့ အတွက်ကြောင့် ကိုယ်တွင်း သကြားဓာတ် ပမာဏ ကျဆင်းပြီး ဦးနှောက်ကို လုံလောက်တဲ့ အာဟာရ မရောက်စေပါဘူး။
၂။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ပြီး အယ်ဇ်ဇိုင်းမား တို့လို ရောဂါ၊ အတိတ်မေ့ ရောဂါတို့ကိုတောင် ဖြစ်စေပါတယ်။
၃။ သကြားဓာတ် အများအပြား စားသုံးခြင်း
သကြားဓာတ်လိုအပ်တာ မှန်ပေမယ့် လိုတာထက် စာသုံးမိရင်လည်း မကောင်းပါဘူး။ အသက်ငယ်တုန်းက သကြားဓာတ်က လိုအပ်ပေမယ့် လူလတ်ပိုင်းက စလို့ လူတစ်ယောက်ရဲ့  အချိုစာသုံးမှုက ကလေးတွေနဲ့ သွားမယှဉ်သင့်တော့ပါဘူး။ သူက ပရိုတိန်းဓာတ် ဆုပ်ယူမှုအား ကို လျော့စေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို အတားအဆီး ဖြစ်စေပါတယ်။
၎။ လေမသန့်ခြင်း
ကိုယ်နေထိုင်၊ စားသောက်တဲ့ ပတ်ဝန်းကျင်က အနံ့ပေါင်း စုံနေပြီး လေကောင်းလေသန့် ရှုရှိုက်ရမှု နည်းရင် လည်း အောက်ဆီ ဂျင်ရရှိမှုနှုန်းနည်းတဲ့အတွက် ဦးနှောက် ဖွံ့ဖြိုးမှုကို နှေးကွေး စေပါတယ်။
၅။ အအိပ်လွန်ခြင်း
ိအိပ်သင့်အိပ်ထိုက်တဲ့ အချိန်ပမာဏထက် ပိုပြီးတော့ အိပ်ရင် ဦးနှောက်က ဆဲလ်တွေကို သေစေတဲ့အတွက် ဥာဏ်ထိုင်းစေပါတယ်။
၆။ အိပ်ချိန်နည်းခြင်း
သူကလည်း ထိုနည်းတူစွာပဲ။ သာမန်လူတစ်ယောက် အိပ်သင့်တဲ့ အချိန် ပမာဏ မအိပ်ပဲ နေသူဟာ ဦးနှောက်သွေးဆီးမှု နှေးကွေးမှု ဥာဏ် ထိုင်း စေပါတယ်။
၇။ အိပ်နေစဉ် ခေါင်းခြုံခြင်း
ခေါင်းခြုံပြီးအိပ်သူဟာ သာမန်အတိုင်း အိပ်သူလောက် အောက်ဆီဂျင် မရပါဘူး။ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏသာ တိုးလာစေပြီး ဦးနှောက် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေ ပါတယ်။
၈။ ဖျားနာနေစဉ် ဦးနှောက်အလုပ်လုပ်များခြင်း
ဖျားနာနေစဉ်မှာ ဦးနှောက်အလုပ်ပေးမှုကို မလုပ်သင့်ပါဘူး။ ဦးနှောက်က ဒီတိုင်းနေလည်း မနားတန်း အလုပ်လုပ်တာ မှန်ပေမယ့် တကူးတက စာလုပ်တာတို့၊ ပရောဂျက်လုပ်တာတို့၊ လုပ်ငန်းဆောင်တာ တစ်ခုခုအတွက် တွေးခေါ် လုပ်ကိုင်တာတို့က ဦးနှောက်စွမ်းရည် ကျဆင်းစေ မယ့် အမူအကျင့်တွေပါ။
၉။ တွေးခေါ်မှုနည်းခြင်း
တစ်နေ့ပြီးတစ်နေ့ လုပ်စရာ ရှိတာတွေသာ လုပ်နေပြီး ဘာမှတွေးခေါ် စဉ်းစားမှု မရှိရင်လည်း မကောင်းပါဘူး။ ယင်း သို့ နည်းပါးခြင်းကြောင့် ဥာဏ်ကွန့်မြူးမှုကို ဖြစ်မလာစေပဲ ဥာဏ်သာ ထိုင်းလာစေတတ်ပါတယ်။
၁၀။ စကားနည်းခြင်း
ပညာရှိ စကားနည်း ဆိုတာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် စကားမပြော တိုင်းလည်း ပညာရှိမဟုတ်ပါဘူး။ လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်များ ဖလှယ်ခြင်း၊ ကျဘန်း ငြင်းခုံပြောဆိုခြင်းတို့ကလည်း ဦးနှောက် ကို ကောင်း စေပါတယ်။ သို့ပေမယ့် ယင်းကဲ့သို့ မလုပ်ရင်တော့ ကြိမ်းသေ ဥာဏ်ထိုင်းစေပါတယ်။


အောင်ခမ်း ( ရိုးရာလေး )
http://www.yoyarlay.com/health/health-article/38309-brain-suck-life-style

Sunday, March 16, 2014

Moborobo PC Suite ရဲ့ မျိုးဆက်ဖြစ်တဲ့ Mobo Video Player version 1.3.271

Video တွေကို android ပေါ်မှာကြည့်ကြတဲ့ သူငယ်ချင်းတွေအတွက်ပါ။ Video formats အများစုကို support လုပ်ပေးနိုင်တဲ့အပြင် လူအသုံးများကြတဲ့ စာတန်းထိုးအမျိုးစားတွေလည်းပါဝင်ပါတယ်။ စာတန်းထိုးအမျိုးအစားတွေကတော့ SRT,ASS နဲ့ SAA အမျိုးအစားတွေပဲဖြစ်ပါတယ်။ အရင် application တွေနဲ့အတူတူပဲဖြစ်တာမို့လို့ အသေးစိတ်တော့မရေးပေးတော့ဘူးနော်။ Music video တွေကိုလည်း ဒီ application နဲ့ကြည့်ရှု နားထောင်နိုင်တဲ့အတွက် အသံပိုင်းမှာလည်းကောင်းမွန်အောင် ဖန်တီးပေးထားတာကို တွေ့ရမှာပါ။  ဒီ application လေးကိုအသုံးပြုချင်တယ်ဆိုရင်တော့ android version 2.0 နဲ့ အထက်မှာ အသုံးပြုနိုင်ပါတယ်။


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ 


အားလုံးအဆင်ပြေကြပါစေ........

သင့် စီးပွားရေး လုပ်ငန်း က ဝဘ်ဆိုဒ် ရှိရန် လိုအပ် သည့် အကြောင်း ၈ ချက်

Website Never Sleep

လူတွေ ဘယ်လောက် အိပ်အိပ်၊ ဝဘ်ဆိုဒ် က မအိပ်ပျော် တတ် ပါဘူး။ ယေဘုယျ အားဖြင့် တစ်ရက် မှာ ၂၄ နာရီ၊ တစ်ပတ် မှာ ၇ ရက်၊ တစ်နှစ် မှာ ၃၆၅ ရက်လို့ အသက်ရှင် ပါတယ်။ ဒီတော့ နောက်ထပ် အချိန် ပြည့် မအိပ် မနေ အလုပ် သမား တစ်ယောက် ရထား လိုက် သလို ပါပဲ။ Customer တွေက ပို့ပေး တဲ့ စာတွေ ကို၊ အီးမေးလ် တွေ ကို သိမ်းထား ပေး ပါမယ်။ Auto reply စနစ်တွေ ပါ ထည့်ထား ပေးရင် သူက ပိုတောင် အလုပ် လုပ် ပေးနိုင် အုံးမှာပါ။ ဒီတော့ အိပ် မပျော် တဲ့ ဝန်ထမ်း တစ်ယောက် ရလိုက်ခြင်း က ဝဘ်ဆိုဒ် တစ်ခု ရလိုက် ခြင်း ဖြစ်ပါ တယ်။

Your Top Competitor Has a Website

ပြိုင်ဘက် ကုမ္မဏီက ဝဘ်ဆိုဒ် ရှိတယ်။ ကိုယ့် ဆီမှာ ဝဘ်ဆိုဒ် မရှိဘူး။ အဲဒီမှာ တင် ကိုယ်က တစ်ဘမ်း ရှုံးနေပါပြီ။ တစ်ဖက် က အွန်လိုင်း ကနေ စီးပွားရေး ကို အပီ အပြင် ချဲ့ ထွင် နေချိန် ကိုယ်တွေ က နောက်ကျ ကျန် ခဲ့ နိုင်ပါတယ်။ ဒါကြောင့် ပြိုင်ဘက် တွေ လည်း ဝဘ်ဆိုဒ် ရှိတာ မို့ ကိုယ် စီးပွားရေး လုပ်ငန်း လည်း ရှိဖို့ လိုအပ် ပါတယ်။

Just Google It

သာမန် လူတစ်ယောက် က ထုတ်ကုန်၊ ဝန်ဆောင်မှု တစ်ခု အတွက် ဘယ် ကုမ္မဏီ ကိုမှ မသိရင် Google တို့လို Search Engine ကနေ ရှာဖွေတာ မျိုး ပြုလုပ် ပါတယ်။ ဒါကြောင့်မို့ သူ တို့လို Customer တွေ ကိုယ့် စီးပွားရေး လုပ်ငန်းနဲ့ ဝန်ဆောင်မှု လုပ်ငန်း ကို S Engine ကနေ အလွယ် တကူ ရှာတွေ့ နိုင်အောင် ဝဘ်ဆိုဒ် တစ်ခု တော့ ရှိထားဖို့ လိုအပ်ပါတယ်။

Websites Improve Customer Confidence & Corporate Image

ပရော်ဖက်ရှင်နယ် ကျကျ ဖန်တီး ထားတဲ့ ဝဘ်ဆိုဒ် ကြောင့်မို့ ကိုယ့်ရဲ့  လုပ်ငန်းက Impression အတော်လေး ကောင်းနေပြီ။ Customer တစ်ယောက် အနေနဲ့ သူ အားကိုး လိုတဲ့ organization တစ်ခု ကနေ sense of confidence ရဖို့ အတွက် Website ကိုလည်း Care လုပ် လာကြတာ ကမ္ဘာမှာ တင် မဟုတ်တော့ ပဲ မြန်မာပြည် အထိ ဖြစ်လာပါပြီ။

Small Business Have Higher Revenue

ကိုယ်ပိုင် ဝဘ်ဆိုဒ် ရှိတဲ့ အသေးစား စီးပွားရေး လုပ်ငန်း များ ဟာ ကိုယ်ပိုင် ဝဘ်ဆိုဒ် မရှိတဲ့ စီးပွားရေး လုပ်ငန်းများ ထပ် နှစ်စဉ် ဝင်ငွေ များပြား တာ ကိုလည်း စစ်တမ်း အရ သိထားပြီး ဝဘ်ဆိုဒ် ကို Small Business သမား အတွက် လည်း ဖန်တီး စေရန် Recommend ပေးထား ပါတယ်။

Do you know billions of people?

ကမ္ဘာ ပေါ်မှာ လက်ရှိ အင်တာနက် အသုံးပြုသူ အရေ အတွက်က သန်းဂဏန်း တင် မက တော့ပဲ ဘီလျံ နဲ့ ချီနေပါပြီ။ ၂ ဘီလျံ အထပ် မှာပါ။ သူတို့ အားလုံး က အင်တာနက် ပေါ်မှာ ရှိပါ တယ်။

Website Help Establish More Customers

ယနေ့ စစ်တမ်း ကောက်ချက် များ အရ ကမ္ဘာ အရပ်ရပ် က Customer အသစ်များ ရရှိမှုရဲ့  ၅၀ ရာခိုင်နှုန်းဟာ အင်တာနက်မှ တစ်ဆင့် ဖြစ်လာပြီး အဲဒီ ထပ်ပို လို့သာ တိုးလာ ပါတယ်။ ဒါကြောင့် ဝဘ်ဆိုဒ် ရှိခြင်းက ဖောက် သည် ပိုအရ မြန်စေပါတယ်။

Websites are not just local, they are global

စီးပွားရေး လုပ်ငန်း အသေးစား ပဲ ဖြစ်ဖြစ်၊ အကြီးစား ပဲ ဖြစ်ဖြစ် ပါ၊ ဝဘ်ဆိုဒ် တစ်ခု ရှိလိုက်ရင် ကိုယ့် လုပ်ငန်း ရဲ့  လည်ပတ်မှု ဟာ ပြည်တွင်း ဒေသ တွင်း တင် မက တော့ပဲ ကမ္ဘာနဲ့ ယှဉ်လာ ပြီ ဆိုတာ သိထား ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် global အထိ ခြေလမ်း နိုင်ဖို့ အတွက် ဝဘ်ဆိုဒ် တစ်ခု ရှိရန် လိုအပ်ပါတယ်။

Windows 8.1 ကို Upgrade လုပ်ဖို့ နည်းများ။

windows-8.1-840x420
Windows 8.1 Stable Version ဟာဆိုရင် အောက်တိုဘာလ (၁၈) ရက်မှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။ Windows 8.1 မှာဆိုရင် Windows 8 မှာ လိုအပ်တဲ့ အချက်တွေကို ပြုပြင်မွန်းမံထားတဲ့အတွက် Windows 8 အသုံးပြုသူတွေအတွက်တော့ မဖြစ်မနေ Upgrade လုပ်သင့်ပါတယ်။ ဒီဆောင်းပါးမှာ Windows 8.1 ကို Windows Version အဟောင်းတွေကနေ Upgrade လုပ်ဖို့နည်းလမ်းတွေကို ရေးပါမယ်။
Windows 7 နဲ့ သူ့အရင်က Version တွေကနေ Upgrade လုပ်မယ်ဆိုရင်
Windows 7 ကနေ 8.1 ကို Upgrade လုပ်ဖို့ နည်းနှစ်နည်း ရှိပါတယ်။ ပထမနည်းက Windows 7 ကနေ 8 ကို Upgrade လုပ်ပါ။ ပြီးမှ 8 ကနေ 8.1 ကို Upgrade လုပ်ပါ။ ဒါဆိုရင် Windows 7 က Programs တွေ 8.1ကို ပါလာမှာ ဖြစ်ပါတယ်။ Compatible ဖြစ်တဲ့ Programs တွေပဲပါလာမှကိုသတိပြုပါ။သင့်ရဲ့  Programs တွေက Windows 8/8.1 နဲ့ Compatible ဖြစ်လားဆိုတာ Windows 8 Upgrade Assistant ကိုသုံးနိုင်ပါတယ်။Upgrade Assistant က Programs အားလုံးကိုတော့ စစ်ဆေးမပေးနိုင်ပါဘူး။နောက်တစ်နည်းကတော့ Microsoft Website ဖြစ်တဲ့ Windows Compatibility Center မှာသွားပြီး စစ်ဆေးနိုင်ပါတယ်။သင်အသုံးပြုတဲ့ Programs တွေဟာ Version အဟောင်းတွေ ဖြစ်လို့  Compatible မဖြစ်ဘူးဆိုရင် Program Website ကိုသွားပြီးနောက်ဆုံး Version က Windows 8/8.1 နဲ့ Compatible ဖြစ်မဖြစ်လေ့လာပြီး နောက်ဆုံး Version ကို Upgrade လုပ်ထားပါ။ ဒုတိယနည်းက Windows 8.1 ကို Clean Install လုပ်ပြီး Upgrade လုပ်တာဖြစ်ပါတယ်။ Windows 7 က Programs တွေကို သင်ဆုံးရှုံးမှာပါ။
* Windows 7 ကနေ Windows 8.1 ကို Upgrade Install လုပ်မယ်ဆိုရင် အရင်ဆုံး Windows 8ကို Upgrade လုပ်ရပါမယ်။ Windows 8 ကနေမှ Windows 8.1 ကို Upgrade လုပ်ရမှာပါ။ 8 ကနေ 8.1 ကို Upgrade လုပ်တဲ့အခါမှာ Windows Store ကိုအသုံးပြုရမှာပါ။
* Windows 7 ကနေ Windows 8.1 ကို Clean Install လုပ်ပြီး Upgrade လုပ်မယ်ဆိုရင် တော့ သင့်ဖိုင်တွေကို Backup လုပ်ထားရမှာဖြစ်ပြီး Upgrade လုပ်ရင်ဖိုင်တွေ၊ Programs တွေအားလုံးကိုဖျက်ပစ်မှာပါ။ Windows 8.1 မှာသုံးမယ့် Programs တွေကို စုစည်း ထားသင့်ပါတယ်။ ဒါမှသာ Upgrade Processက မြန်ဆန်မှာဖြစ်ပါတယ်။
clip_image002
Windows Vista, XP တွေကနေ Windows 8.1 ကို Upgrade လုပ်ရင် Clean Install ပဲလုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ တစ်ဆင့်ချင်း Upgrade လုပ်ရမှာ ဖြစ်ပါတယ်။ Windows Vista, XP ကနေ 7 ကို အရင် Upgrade လုပ်ရပါမယ်။ပြီးရင် 7 ကနေ 8 ၊  8 ကနေ မှ 8.1 ကို Upgrade လုပ်ရမှာ ဖြစ်ပါတယ်။
Windows 8 ကနေ Upgrade လုပ်မယ်ဆိုရင်
Windows 8 User တွေကတော့ Windows Store ကနေ 8.1 ကို လွယ်လွယ်ကူကူ Upgrade လုပ်နိုင်ပါတယ်။Installation Media တွေလည်း မလို ဘဲ လွယ်လွယ်ကူကူ Upgrade လုပ်နိုင်တဲ့အတွက် တော်တော် အဆင်ပြေပါတယ်။ Local Account ကို တော့သုံးလို့ မရဘဲ Microsoft Account ကိုသုံးရမှာပါ။ Local Accountကို သုံးတဲ့သူတွေအတွက်တော့ Settings ထဲမှာ  Microsoft Accountကို ပြောင်းနိုင်ပါတယ်။ Upgrade လုပ်ပြီးတော့မှ Local Accountကို ပြန်ပြောင်းနိုင်ပါတယ်။
clip_image004
Windows 8.1 Preview ကနေ Upgrade လုပ်မယ်ဆိုရင်
Windows 8.1 Preview ကိုသုံးနေတဲ့သူတွေဆိုရင်တော့ Windows 8.1 ကို Upgrade လုပ်မယ်ဆိုရင်တော့ Desktop Programs တွေကို ဆုံးရှုံးလိမ့်မယ်လို့ Microsoft က ပြောထားပါတယ်။ Windows 8.1 က Refresh လုပ်မှာဖြစ်လို့ ဖြစ်ပါတယ်။ အဲဒီအတွက် Preview သုံးသူတွေ က Programs တွေကို စုစည်းထားသင့်ပါတယ်။
clip_image006
ဘာဝင်းဒိုးကို သုံးနေသည်ဖြစ်စေ Windows 8.1 ကို Clean Install လုပ်ပြီး Upgrade လုပ်နိုင်ပါတယ်။ သင့်ရဲ့ အရေးကြီးဖိုင်တွေကိုတော့ Backup လုပ်ထားရမှာပါ။ အသုံးပြုနေကျ Programs တွေကိုလည်းစုစည်းထားခြင်းဖြင့် Upgrade လုပ်ပြီးတဲ့အခါ လျှင်လျှင်မြန်မြန် အသုံးပြုနိုင်မှာပါ။
စာဖတ်သူရော Windows 8.1 ထွက်ရှိလာရင် Upgrade လုပ်မှာလား?  ဘယ်လို Windows Version ကနေ Upgrade လုပ်မလဲဆိုတာ ကွန်းမန့်မှာရေးခဲ့ပါအုံး။
Myanmar ICT  မှာကျွန်တော်ရေးထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။


Facebook Page ကို Like ပြီးအားပေးပါအုံး။


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ


Android ဖုန်းနဲ့ remote control လုပ်မယ်......

 
အခုချိန်မှာ Mobile ဖုန်းတစ်လုံးကို အမျိုးစုံလုပ်လို့ရအောင် developer တွေက application တွေကိုရေးပြီး ပုံစံမျိုးစံနဲ့ ဖန်တီးအသက်သွင်းနေကြပါတယ်။ လူတိုင်းလဲ သိကြတဲ့အတိုင်းပါပဲ။ Smart Phone တစ်လုံးအသုံးပြုတာနဲ့ သူနဲ့ပတ်သက်လာတဲ့ feature တွေ application တွေက ဖုန်းတစ်လုံးနဲ့ဘာမဆိုဖြစ်အောင်လုပ်လို့ရအောင်ကို ဖန်တီးလာကြတာကိုတွေ့ကြရမှာပါ။ 
အခုလည်း လာပြန်ပါပြီ။ Android version 4.2 နဲ့အထက်ရှိတဲ့ smart phone တစ်လုံးကို TV Remote အနေနဲ့အသုံးပြုနိုင်အောင် ဖန်တီးလိုက်ကြပြန်ပါပြီဗျာ။ ဒီ function ကတော့ samsung နဲ့ HTC  ဖုန်းတွေမှာပဲ ရှိပါသေးတယ်။ အခုတော့ android version 4.2 နဲ့ အထက်ရှိတဲ့ brand တိုင်းကို TV Remote အဖြစ်လုပ်ခွင့်ပေးလိုက်ပါပြီ။ 
ပထမဦးဆုံးဒီ application လေးကို install လုပ်လိုက်ပါ။ ပြီးသွားရင် open လုပ်လိုက်ပါ။ ပြီးပြီဆိုရင် ဖုန်းကို Remote အဖြစ်အသုံးပြုဖို့အတွက်တော့ TV အမျိုးစားတွေကို ရွေးပေးရပါလိမ့်မယ်။ အမျိုးစားတော်တော်များများပါဝင်ပါတယ်။ ကိုယ့် TV ရဲ့ model နာမည်ကိုရွေးပေးလိုက်ပါ။ ပြီးရင်တော့ Remote ပုံစံလေးပေါ်လာပါလိမ့်မယ်။ အဲ့ဒါဆိုရင် Remote အနေနဲ့ phone ကို အသုံးပြုနိုင်ပါပြီဗျာ။ 


ကျွန်တော်အပေါ်မှာတွေလည်း ရေးထားသလို ဒီ application လေးကို Android version 4.2 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တင်ပေးထားတာက Zip file လေးပါ။ ကိုယ်ဖုန်းမှာ zip file လေးကို ပြန်ဖြည်ဖို့ဆိုရင်တော့ zip file ဖြည်တဲ့ application လေးတော့ လိုပါလိမ့်မယ်။ အဲ့ဒါကြောင့် ကိုယ့်ဖုန်းမှာတော့ Andro Zip တို့ Unrar ဆိုတဲ့ application လေးကိုတော့ install လုပ်ထားပေးဖို့လိုပါလိမ်မယ်။ မရှိတဲ့ သူဆိုရင်တော့ ဒီနေရာ မှာ Download လုပ်နိုင်ပါတယ်။ ကျွန်တော်စမ်းတုန်းကတော့ HTC One X နဲ့သူများဆီက ငှားပြီးစမ်းထားတာပါ။ အဆင်ပြေပါတယ်။
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။ 
အားလုံးအဆင်ပြေပါစေ........

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Samsung Galaxy Lock ဖြေနည်း

မင်္ဂလာပါဒီနေ့ ကျွန်တော့် သူငယ်ချင်းများကို samsung galaxy ဖုန်းကို e-mail patten/password ကျရင်ဘယ်လိုလုပ်ရမယ်ဆိုတာလေးကိုပြောပြမှာဖြစ်ပါတယ်ခင်ဗျား။မသိသေးတဲ့ ကျွန်တော့် သူငယ်ချင်းတွေအတွက်ပါ။ပထမဆုံးအနေနဲ့  ဖုန်းကိုပါဝါပိတ်လိုက်ပါခင်ဗျာ။ ပြီးရင်ဖုန်းရဲ့ ဘက်ထရီကိုဖြုတ်လိုက်ပါ။ နေက်ပြီးဘက်ထရီကိုပြန်ထည့် ပြီး ဖုန်းကို ပါဝါခလုတ်ရယ် +အသံတိုးတဲ့ ခလုပ်-ရယ် + home ခလုပ်ရယ်သုံးခုကိုပြိုင်တူတွဲနိပ်ပြီးဖွင့် လိုက်ပါ။  samsung galaxy  logo ပေါ်လိုက်ရင်လွတ်လိုက်ပါ။ပြီးရင်အောက်ကပုံကအတိုင်း ၃ ခုမြောက်စာကြောင်းဖြစ်တဲ့ wipe data factory reset ကိုအသံတိုးတဲ့ ခလုပ်နဲ့ အောက်ရောက်အောင်ဆွဲချပါ။ပြီးရင် home button ကိုနိုပ်လိုက်ပါ

ဒီအဆင့် မှာတော့  yes delete all user ဆိုတဲ့ စာကြောင်းရောက်အောင် အသံတိုးတဲ့ ခလုပ်နဲ့ ဆွဲချလိုက်ပါ။ပြီးရင် home button ကိုနိပ်လိုက်ပါ။
ဒီအဆင့် မှာတော့ အပေါ်ဆုံးကစာကြောင်းဖြစ်တဲ့  reboot system now ဆိုတဲ့ စာ ကို home button နဲ့ ရွေးလိုက်ပါပြီးရင်ခဏစောင့် လိုက်ပါ။
အိုကေပြီးရင်စက်ရုပ်ပုံလေးဒီလိုပေါ်လာပါလိမ့် မယ် အဲဒီစက်ရုပ်ကလေးကိုလက်နဲ့ ထောက်လိုက်ပါ
ပြီးရင်အောက်ကပုံမှာစာတွေအများကြီးအောက်မှာ လေးထောင့် အကွက်လေးပေါ်လာပါလိမ့် မယ် အဲဒီအလယ်ကလေးထောင့် အကွက်လေးကိုနိပ်လိုက်ပါ။
ပြီးရင်အောက်ကပုံအတိုင်း အမှန်လေးခြစ်ပြီးတစ်ခုတည်းသောလေးထောက်အကွက်လေးကိုဆက်တိုက်နိပ်သွားပါဒါဆိုအိုကေသွားပါ

ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်လျက်။

Internet Connection ကိုမြှင့်တင်ပေးဖို့  DNS Server ပြောင်းနည်းများ။

Domain Name Server (or) DNS ဆိုတာ လူတွေ မှတ်ရလွယ်တဲ့ Web Address (eg. www.google.com) ကို ကွန်ပြူတာတွေ နားလည်တဲ့ IP Addressတွေ အဖြစ်ပြောင်းလဲ ပေးတာပါ။ ဥပမာ သင်က facebook.com လို့ ရိုက်လိုက်တယ်ဆိုပါစို့ ။ DNS Serverက IP Address အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒီအခါကျမှ သင်က facebookကို အသုံးပြုလို့ ရတာပါ။ သင် ၀က်ဆိုက်တစ်ခု ဖွင့်တိုင်း DNS Server က ကြားထဲကနေ အလုပ် လုပ်ပေးနေတာပါ။ အဲဒီအတွက် အင်တာနက် အမြန်နှုန်းက DNS server ပေါ်မှာလည်း မူတည်ပါတယ်။ လူအများစုက Internet Service Provider(ISP) တွေရဲ့ DNS ကို သုံးကြပါတယ်။ သင့် အင်တာနက် Speed ပိုမိုကောင်းမွန်အောင်လို့ သင့် ISPရဲ့ DNS ကို မသုံးဘဲ တစ်ခြား DNS(google dns,open dns etc:)တွေကို ပြောင်းလဲသုံးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ Router, Windows, Smart Phones တွေမှာ DNS Server ကို ပြောင်းနည်းတွေကို ရေးပေးလိုက်ပါတယ်။

Source: http://www.aungkyaw.net/2013/10/internet-connection-dns-server.html

Galaxy Note 3 ရဲ့ အားသာချက် အားနည်:ချက်များ

Galaxy Note 3 သုံးနေတာ တစ်ပတ် လောက်တော့ ရှိသွားပြီပေါ့ဗျာ ။ တစ်ပတ်အတွင်းမှာ Note 3 ကိုစမ်းသပ်ပြီ: အကျိုးအပြစ် အဆိုးအကောင်းလေးတွေကို review လုပ်ပြီ: ဒီ group က user တွေကို မျှဝေပေးလိုက်ပါတယ်ဗျာ ။ ကျွန်နော် လက်ရှိ ရောက်နေတဲ့ နေရာမှာက Note 3 ကို LTE version တွေပဲ ရောင်းတဲ့ နေရာ ဆိုတော့ LTE version အလုံးလေးပဲ ဝယ်လိုက်တာပါ ။ ပထမဆုံ: စပြီ: ကြုံရတဲ့ အခတ်အခဲကတော့ မြန်မာစာသွင်းလို့ မရတဲ့ အခက်အခဲပါပဲ ။ အရင်တုံးကလိုပဲ ifont လေးသွင်းပြီး Zawgyi Filpfont နဲ့ ချိန်းကြည့်တာ မ အိုကေဘူးဗျား ။ အဲ့ဒါနဲ့ root လုပ်ပြီ: ထည့်မှရမယ်ထင်တယ် ဆိုပြီ: root လုပ်လိုက်တယ် ။ root လုပ်တာက တော့လွယ်လွယ်ကူကူပါပဲ ။ အဲ့... root လုပ်ပြီ:တော့ MMAS Zawgyi Changer 2 တို့ Smart Zawgyi Changer တို့နဲ့ change တာလဲ မရဘူး ။ font ကတော့ ဝင်သွားတယ် လေးထောင့်ကွက်တွေနဲ့ ပဲပြနေတယ်
========================================
ဆက်ဖတ်ရန်>http://saithu102.blogspot.com/2013/10/galaxy-note-3.html

Snap VPN အသုံးပြုနည်း

      ယခုမိတ်ဆက်ပေးမယ့် App ကတော့ Snap VPN လို့ခေါ်တဲ့၊ VPN ကျော်တဲ့ App ပဲဖြစ်ပါတယ်။မိမိတို့ Android Phone တွေမှာ Google play store ကနေ Ga...