စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့နယ်တွင် ပထမဆုံး အကြိမ် ရောင်း ချပေးသော GSM ဖုန်း ဆင်းကတ် မှာ ပြင်ပပေါက်ဈေး ကျပ် တစ်သိန်းခွဲ အထိ ရှိကြောင်း တယ်လီဖုန်း ဈေးကွက်နှင့် ဖုန်းအကျိုးဆောင် များထံမှ စုံစမ်း သိရှိရသည်။ “ရောင်းသူနဲ့ ဝယ်သူ တိုက်ရိုက် တွေ့ရင်တော့ GSM က တစ်သိန်းခွဲအောက် ရပါတယ်။ CDMA ဖုန်းက ရှစ်သောင်းပဲ ပေါက်တော့တယ်။ ဝယ်ဈေးကတော့ GSM ဖုန်းတစ်လုံးကို တစ်သိန်း လေးသောင်း ဝန်းကျင်နဲ့ CDMA ဖုန်း တစ်လုံးကို ခုနစ်သောင်းခွဲ ရှစ်သောင်း ပေးဝယ်တယ်” ဟု ကြယ်တံခွန် ဖုန်းရောင်းဝယ်ရေးမှ ဦးမျိုးညွှန့်က ဆိုသည်။ ရွှေဘိုမြို့နယ်တွင် လေးလအတွင်း တန်ဖိုးနည်းဖုန်း အလုံးအရေအတွက် ၂၅၀၃ လုံးအထိ ခွဲတမ်း ချပေးထားခဲ့ပြီး ယခုလအတွက် CDMA ဖုန်း အလုံး အရေအတွက် ၁၁၀၀၊ GSM ဖုန်းအရေအတွက် ၂၀၀ ခွဲတမ်း ချပေးခဲ့ကာ ဝန်ထမ်းများအတွက် သုံးပုံ တစ်ပုံ ခွဲတမ်း ချပေးခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ စုံစမ်း သိရှိရသည်။ “အခုဖုန်းက တစ်သိန်းခွဲ ပေါက်တယ်။ ဖုန်းတန်းစီရတာ မန္တလေးမြို့လို မူးလဲ သေဆုံးမှာ စိုးရိမ်နေရလို့ နောက်ပြန် ဆုတ်ခဲ့ရတယ်။ နောက်တစ်ကြိမ် ဖုန်းပေးမယ်ဆိုရင် တစ်ရက်ကို ပေါက်မဲ နံပါတ် ဘယ်လောက်နဲ့ ဘယ်လောက်ကြားထိ ထုတ်ပေးတယ် ဆိုပြီး နံပါတ် အစဉ်လိုက် ပြီးနိုင်မယ့် အရေအတွက်နဲ့ ချိန်ကိုက်ပြီး ထုတ်ပေးစေချင်ပါတယ်။ CDMA ဖုန်းပဲ ထုတ်ပေးတယ်ဆိုပြီး GSM ဖောင်တွေ ဘေးထိုးထားတာ တော်တော် ကြာကြာ စောင့်လိုက်ရတယ်။ တစ်နေကုန်သွားတယ်” ဟု GSM ဖုန်းပေါက်သူ တစ်ဦးက ဆိုသည်။ ရွှေဘိုတွင် CDMA နှင့် GSM ဖုန်းများကို ရောင်းချထားပေးသည်မှာ လေးလ တိုင်ခဲ့ပြီ ဖြစ်သော်လည်း တယ်လီဖုန်း တာဝါတိုင် မရှိသေးသည့် ရွှေဘိုခရိုင် ဝက်လက် မြို့နယ်တွင် တန်ဖိုးနည်းဖုန်း တစ်ကြိမ်မှ မရရှိသေးကြောင်း ဝက်လက် မြို့ခံများက ပြောကြားသည်။
Sunday, August 11, 2013
ရွှေဘိုတွင် GSM ဖုန်း တစ်သိန်းခွဲအထိ ဈေးပေါက်

Subscribe to:
Post Comments (Atom)
Snap VPN အသုံးပြုနည်း
ယခုမိတ်ဆက်ပေးမယ့် App ကတော့ Snap VPN လို့ခေါ်တဲ့၊ VPN ကျော်တဲ့ App ပဲဖြစ်ပါတယ်။မိမိတို့ Android Phone တွေမှာ Google play store ကနေ Ga...
-
မင်္ဂလာပါဒီနေ့ ကျွန်တော့် သူငယ်ချင်းများကို samsung galaxy ဖုန်းကို e-mail patten/password ကျရင်ဘယ်လိုလုပ်ရမယ်ဆိုတာလေးကိုပြောပြမှာဖြစ်ပါတ...
-
စာအုပ်အမည်း Adobe Illustrator ရေးသားသူး မင်းသန့်အောင် အမျိုးအစားး pdf အရွယ်အစားး 11 MB Adobe Illustrator software က မိမိစိတ်...
-
Domain Name Server (or) DNS ဆိုတာ လူတွေ မှတ်ရလွယ် တဲ့ Web Address (eg. www.google.com ) ကို ကွန်ပြူတာတွေ နားလည်တဲ့ IP Addressတွေ အဖြစ...

No comments:
Post a Comment