Tuesday, October 22, 2013

Adobe Illustrator အသုံးပြုနည်း PDF

စာအုပ်အမည်း Adobe Illustrator
ရေးသားသူး မင်းသန့်အောင်
အမျိုးအစားး pdf
အရွယ်အစားး 11 MB

Adobe Illustrator software က မိမိစိတ်ကြိုက် ဂရပ်ဖစ် ပုံရိပ်တွေကို စိတ်ကြိုက် ဖန်တီးရေးဆွဲနိုင်ပြီး စိတ်ကူးနဲ့ ကွန့်မြူးချင်သလောက် ကျွမ်းကျင်မှု့ အပေါ်မူတည်ပြီး ကောင်းမွန်တဲ့ လက်ရာတွေကို ထွက်ပေါ်လာနိုင်အောင် ဖန်တီးပြုလုပ်ပေးနိုင်တဲ့ software ဖြစ်ပါတယ်။ software ရဲ့ အသုံးပြုပုံတွေကို မြန်မာဘာသာဖြင့် ရေးသားထားတဲ့ စာအုပ်ကို တင်ပေးလိုက်ပါတယ်။ 

Advanced SystemCare pro Full Version.........

ဒီကောင်းလေးကတော့ Advanced System Care လေးဖြစ်ပါတယ် အသစ်လေးပေါ့ဗျာ(22.2Mb)သာသာလေးဘဲရှိပါတယ်ဗျာ system မှာရှိတဲ့ ဗိုင်းရပ်စ်တွေကိုစစ်ဆေးပေးပါတယ် သုံးလိုတော့တော်တော်ကောင်းပါတယ် ကျွန်တော်လဲလက်ရှိသုံးနေတယ် ကျွန်တော့ရဲ့သူငယ်ချင်းတွေလဲ နှစ်ယောက်သုံးယောက်လောက်သုံးနေတာတွေ့
ပါတယ် ဒီ Website ကိုကြည့်နေတဲ့ သူငယ်ချင်းတွေလဲ သုံးရအောင်တင်ပေးလိုက်တာပါ နောက်တော့ full version လဲဖြစ်တယ်လေ
အားလုံးဘဲအဆင်ပြေမယ်လိုမျှော်လင့်ပါတယ်......................။
 
 
                                         Google Drive  | Media Fire | Zippy Share

ဖုန်းရေစိုရင် ဘယ်လို အမြန်ဆုံးဘယ်လိုလုပ်မလဲ...........?


ဖုန်းတစ်လုံး ရေထဲ ကျသွားတဲ့အခါ ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲ ဆိုတာ သိထားဖို့လိုအပ်ပါတယ်။ အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။ ပါဝင်မဖွင့်ရ အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲ စိုစို ပါဝါ လုံးဝ မဖွင့်မိဖို့ အရေးကြီးပါတယ်။ ဖြုတ်နိုင်သမျှဖြုတ် ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။ ရေငွေ့မြန်မြန်ပြန် ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့် ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါ တယ်။ ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။ ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့ ဖြစ်တတ် လို့ ဖြစ်ပါတယ်။ အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစိုဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာ ရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့ နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင် အဆင်ပြေပါသေးတယ်။ သို့ပေမယ့် ဖုန်းများ ရေထဲ မကျအောင်၊ ရေမစိုအောင် ထားဖို့ကတော့ စာဖတ်သူတို့ တာဝန်သာ ဖြစ်ပါတယ်။

Saturday, August 17, 2013

ကွန်ပြူတာကနေ ဖုန်း ကို LINE အချင်းချင်း စကားပြောနိုင်ပါပြီ

ပြီးခဲ့တဲ့ ၂ ရက်လောက် က ကွန်ပြူတာ ကနေ video,voice call ခေါ်လို့ရတဲ့

viber ထွက်လာပြီးတော့ အခု့တခါ ကွန်ပြူတာကနေပြီးတော့

voice call ခေါ်လို့ရတဲ့ LINE အစိမ်းရောင်လေးက လဲ အားကျမခံ ထွက်လာပါပြီခင်ဗျာ

LINE လေးကို ဒေါင်းဖို့ ဒီလင့်ကို သွားပြီးယူလိုက်ပါ

အသေးစိတ်ကိုတော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်

ကြည့်ပြီးတော့ လုပ်သွားလိုက်ပါ
အပေါ်ကပုံအတိုင်း ဒေါင်းဖို့သွားလိုက်ပါ မိမိ က ဘာ OS သုံးတာလဲ ဆိုတာ သိရမယ်နော်

window 8 အတွက် သီးသန့်ပေးထားပါတယ် မိမိအသုံးပြု့ချင်တာကိုဒေါင်းလိုက်ပါ

window 7 နဲ့ ကျနော်ကတော့ ပြသွားမှာပါ အောက်မှာ ဆက်လေ့လာလိုက်ပါ
ဒေါင်းပီးပီ ဆိုရင်တော့ ကလစ် ၂ ချက်ခေါက်ပြီးတော့ ဖွင့်ပေးလိုက်ပါ

အရင်ဆုံး ဘာသာ စကားကိုရွေးခိုင်း ပါတယ်

အင်္ဂလိပ် စကားကို OK ပေးပြီးဆက်သွားလိုက်ပါ
NEXT ကိုနှိပ်ပြီးဆက်သွားပါ
lincense ကိုသဘောတူပေးရမှာပါ I Agree ကိုနှိပ်ပြီးဆက်သွားပါ

install လုပ်တာပြီးသွားပါပြီ Close နှိပ်လိုက်ပါ

အောက်မှာကြည့်လိုက်ပါ LINE လေးဟာ Desktop မှာ shotcuts လေး ပေါ်လာပါပြီ

Desktop ကပုံလေးကို ကလစ် ၂ ချက်ခေါက်ပြီးဖွင့်လိုက်ပါ

ဖွင့်လိုက်ရင် အောက်က ပုံအတိုင်း Mail နဲ့ Password တောင်းမှာပါ
အဲ့ဒီမေးလ် နဲ့ password က ဘယ်က ရမလဲ ဆိုရင်
မိမိ တယ်လီဖုန်းကနေရပါမယ် ဘာဖြစ်လို့လဲ ဆိုတော့ 
ဒီ ဆော့ဝဲ ကို မိမိ ရဲ့ ဖုန်းမှာလဲ အသုံးပြု့နေတာဖြစ်ရမယ်နော် အဲ့ဒါမှ ကွန်ပြူတာမှာ
ပြန်ဝင်လို့ရပါမယ် တကယ်လို့ ဖုန်းမှာ မရှိသေးဘူးဆိုရင် ဖုန်းမှာ install လုပ်ပါဖုန်းမှာလည်း မေးလ် တွေ
password တွေပေးရပါမယ် အဲ့ဒီအတိုင်း ကွန်ပြူတာက LINE မှာပြန်ထည့်ပေးရမယ်
ဖုန်းမှာထည့်တာမှန်တယ် ဆိုရင် ကွန်ပြူတာမှာလဲ အလိုအလျောက် ရရှိသွားမှာဖြစ်ပါတယ်
Verification Code ဟာ ကွန်ပြူတာမှာ ပြန်ထည့်စရာ မလိုပါဘူး ခင်ဗျာ
တကယ်လို့ မိမိ mail နဲ့ password ကမှန်တယ် ဆိုရင် အောက်ကအတိုင်းပေါ်လာမှာပါ

ဒါကတော့ setting ဘယ်မှာရှိတယ် ဆိုတာကိုပြထားတာပါ
၁။ မှာပြထားတာကို နှိပ်လိုက်ရင် explorer အသစ်ကျလာမှာပါ
၂။ ကတော့ setting ပါ အထဲမှာ မိမိပြောင်းချင်တာတွေပြန်ပြောင်းလို့ရပါတယ်
profile ပုံတွေ ID တွေကို ပြောင်းလို့ရပါတယ်
၃ ။ ကတော့ မိမိစကားပြောချင်တဲ့လူကို ရွေးရမှာပါ Group လိုက်လဲ ပြောလို့ရပါတယ်


setting ထဲကိုဝင်လိုက်မယ်ဆိုရင် မြန်မာဖောင့်ပြောင်းတဲ့နေရာလေးပါ Font ဆိုတဲ့ နေရာလေးမှာ

Zawgyi One လို့ပြောင်းပေးပေါ့

ဒီပုံကတော့ မိမိ စကားပြောချင်တဲ့ လူကိုရွေးတဲ့ အခါ Start Chat ကို
နှိပ်လိုက်တဲ့ အခါ ဒီလို ပေါ်လာမှာပါ အောက်က အနီရောင်လေးကတော့ စကားပြောဖို့ရွေးလိုက်တဲ့
အခါမှာ အစိမ်းရောင်လေးလင်းလာမှာပါ
ဒီမှာ စာပို့လို့ရတယ်နော်

ဒီပုံကတော့ ကွန်ပြူတာကနေ ခေါ်ထားတာလေးပါ Free Call ကိုနှိပ်ပေါ့
စာပို့ချင်တာဆိုရင်တော့ Chat ကိုနှိပ်လိုက်ပါ ခင်ဗျာ


ခေါ်နေပြီဆိုရင်တော့ ဒီအတိုင်းပါပဲ ခင်ဗျာ video call တော့ မရသေးပါဘူး ခင်ဗျာ
ဒီအထိအောင်ဖတ်လာတဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ

အားလုံးပဲ စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ

Windows 8 ရဲ့ Folder ၊ Icon တွေမှာ မြန်မာစာ (Zawgyi-One နှင့်) ပေါ်အောင်လုပ်နည်းနှင့် တခြားအသုံးဝင် အတိုအထွာများ


 Windows 8 သုံးတဲ့ မြန်မာပြည်သားများအတွက် အသုံးဝင်မယ့် လုပ်နည်းလေး အနည်းငယ်ကို ဒီပိုစ့်မှာ ဖေါ်ပြပေးသွားပါ့မယ်..။ အဲ့ဒါကတော့ Windows 8 64-bit ဝင်းဒိုးတွေမှာ အဖြစ်များတဲ့ ဇော်ဂျီဝမ်းနဲ့ Folder ၊ Icon တွေမှာ မြန်မာစာ မပေါ်ခြင်း ပြဿနာရယ်၊ Restore Point တွေကို Windows 8 မှာ ရှာလို့မရတဲ့ ပြဿနာရယ်၊ ဟတ်ဒစ်မှာ အလွယ်တကူ Password မပေးမိအောင် သတိပြုရမယ့် နေရာ၊ User Account မှာ Password နံပါတ်အပြင် ၊ မိမိတို့ရဲ့ ပုံလေးနဲ့ပါ Windows 8 မှာ Picture Password ပေးပြီး အသုံးပြုတတ်အောင်နဲ့ နောက်တခုကတော့ Windows 8 ကို Recovery အနေနဲ့ Windows 7 မှာမပါခဲ့တဲ့ 32 GB ရှိတဲ့ USB ထဲမှာ ထည့်တတ်အောင် နေရာအပိုလေးတခုပါလာလို့ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီအပေါ်မှာ ဖေါ်ပြပေးထားတဲ့ လုပ်နည်းလေးတွေနဲ့ တိုက်ဆိုင်လာလို့ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ဆက်ကြည့်နိုင်ပါတယ်..။ အရင်တုန်းကလည်း ဒီလို Windows 8 အသုံးပြုသူများအတွက် Desktop မှာ Computer အိုင်ကွန်ထုတ်သုံးတတ်အောင်နဲ့ Windows Media Player အသုံးပြုတတ်အောင် ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ မသိသေးတဲ့၊ မလေ့လာရသေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ဝင်ပြီး လေ့လာလို့ ရပါတယ်..။

မြန်မာစာ ဇော်ဂျီဝမ်းနဲ့ မပေါ်ခြင်းပြဿနာကတော့ Windows 8 64-bit ဗါးရှင်းတွေမှာ အဖြစ်များတယ်လို့ ထင်ပါတယ်..။ ကျနော်စမ်းသပ်ခဲ့တဲ့ စက်တွေကလည်း Windows 8 64-bit တွေပဲ ဖြစ်နေလို့ပါ..။ Windows 8 မှာပါတဲ့ မြန်မာစာဖေါင့်က ဒီတိုင်းရိုက်လို့ မြန်မာစာ မပေါ်ပါဘူး..။ ယူနီကုဒ်လက်ကွက်တခုခုထည့်ပေးပြီးမှ မြန်မာစာရိုက်လို့ ရတာပါ..။ ဒါကြောင့် ကျနော် Windows 8 64-bit အတွက် ဇော်ဂျီလက်ကွက် 64 ကို ထည့်လိုက်တော့ Windows 8 မှာပါတဲ့ မြန်မာစာ ရိုက်လို့ ရသွားပါတယ်..။ ဇော်ဂျီနဲ့ကျပြန်တော့ ရိုက်လို့ ဖတ်လို့တော့ရပြီ.. ဖိုဒါတွေနဲ့ Icon တွေကအစ မိုဇီလာ Bookmark အဆုံး Windows 8 မှာပါတဲ့ Myanmar Text နဲ့ပေါ်နေပြန်တော့ ဇော်ဂျီပြန်ပြောင်းဖို့ အတော်လေး ရှာခဲ့ရပါတယ်..။ အရင်သုံးခဲ့တဲ့ Windows 8 မှာကျတော့ ဘာမှမလို ဇော်ဂျီထည့်ပေးပြီးတာနဲ့ အားလုံးဇော်ဂျီဖေါင့်ပြောင်းပြီးသား တန်းသုံးယုံပဲ..။ Windows 8 32-bit ဟုတ်လို့ထင်ပါတယ်..။ ဇော်ဂျီဖေါင့်အတွက် Windows 8 64-bit နဲ့ 32-bit ကွာခြားချက် သေချာမပြောပြတတ်သေး..။ ဘာပဲဖြစ်ဖြစ် ကျနော်ဒီနည်းနဲ့ လိုက်ပြောင်းကြည့်လို့ အဆင်ပြေသွားခဲ့တဲ့အတွက် အားလုံးလည်းအဆင်ပြေမယ်ထင်လို့ ဒီနည်းလေးကိုပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။
 ဒီအောက်ကပုံအတိုင်း Icon တွေမှာ မြန်မာစာ ဇော်ဂျီဝမ်းနဲ့ မပေါ်သေးပါ..။ ပုံလေးတွေအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ရင် ရသွားပါပြီ..။ ဒီစက်မှာ ဇော်ဂျီဝမ်းဖေါင့်ထည့်ထားပြီးသားပါ..။ ဒီလိုလိုက်ပြောင်းပြီးသွားရင်လည်း ဇော်ဂျီဝမ်းဖေါင့်ကို ပြန်ပြီး Install ထည့်ပေးရပါမယ်..။ ဇော်ဂျီမထည့်ရသေးတဲ့ စက်တွေမှာတော့ ဒီအောက်ကအတိုင်း အရင်လိုက်ပြောင်းပြီးမှ ဇော်ဂျီဝမ်းဖေါင့်ကို ထည့်ပေးပြီး စက်ကို Restart ချပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။



အပေါ်နဲ့ အောက်ကပုံအတိုင်း Control Panel >> Fonts ထဲကို ဝင်လိုက်ပါ..။


Fonts ထဲမှာ Myanmar Text  Regular ဆိုတဲ့ ပုံလေး ပျောက်နေ၊ မြုပ်နေရင် Right Click >> Show နဲ့ ဖေါ်လိုက်ပါ..။




အပေါ်ပုံအတိုင်း  Myanmar Text  Regular ဖေါင့်ကို Show ပေးလိုက်လို့ ပေါ်လာပြီဆိုရင် ဇော်ဂျီဝမ်းဖေါင့်ကို Install ထည့်ပြီး စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင် ဇော်ဂျီဖေါင့်နဲ့ ဖိုဒါတွေ ၊ Icon တွေမှာ ပေါ်နေပါပြီ..။


အောက်ကပုံအတိုင်း မြန်မာစာကို ဇော်ဂျီဝမ်းနဲ့ ရေးလို့ ဖတ်လို့ ပေါ်လာပါပြီ..။

======================================================

နောက်တခုကတော့ Windows 8 မှာ Restore Points တွေကို ရှာလို့မရတာပါပဲ..။ ဘာလို့လဲဆိုတော့ Windows 8 မှာက Windows 7 လို တခါတည်း ဝင်းဒိုးတင်ပြီးတာနဲ့ တန်းပြီး Restore Points တွေ အလုပ်မလုပ်ပါဘူး..။ OFF ဖြစ်နေလို့ပါ..။ အဲ့ဒါကို ကျနော်တို့က Windows 8 မှာ Restore Points တွေ အလုပ်လုပ်နိုင်အောင်လို့ သွားပြီး ON လုပ်ပေးရပါမယ်..။ ဒါဆိုရင် Restore Points တွေ ရှိနေပြီဖြစ်လို့ တခုခု ဝင်းဒိုး Error ပေါ်ခဲ့တဲ့အခါ အလွယ်တကူ Restore Points တွေနဲ့ နောက်ပြန်ဆုတ်ယူလို့ အဆင်ပြေ လွယ်ကူမှာ ဖြစ်ပါတယ်..။ လုပ်နည်းကို အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။ Restore Points ကို ON လုပ်ပြီးတဲ့အခါမှာလည်း မကြာမကြာ ၊ တပါတ်တစ်ခါလောက် Restore Point ကို Create နဲ့ မိမိတို့ကိုယ်တိုင် ဖန်တီးပေးထားတတ်ဖို့ပါ.. သတိပြုပေးပါ..။ ဒါမှ ဝင်းဒိုးနောက်ပြန်ဆုတ်တဲ့အခါ အလွယ်တကူ အဆင်ပြေမှာပါ..။
အောက်ကပုံအတိုင်း Windows 8 မှာ မြင်ရတဲ့အတိုင်း Computer Properties ကနေ သွားလိုက်ပါ..။



System Protection ကို ကလစ်လိုက်ရင် အောက်ဒုတိယပုံပေါ်လာပါလိမ့်မယ်..။ အောက်က ပထမပုံကတော့ Restore Point တွေမရှိတဲ့အခါမှာ ဒီလို ကြတ်ခြေခတ်အနီရောင်နဲ့ ပြနေပါလိမ့်မယ်..။ Restore Points တွေကို ON လုပ်ပြီးသွားလို့ Create ဖန်တီးပြီးသွားပြီဆိုရင် ဒီလိုပုံမျိုးမပေါ်တော့တာ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။



အပေါ်ပုံမှာ OFF ဖြစ်နေတဲ့ Windows 8 ကို အရင်တချက်ကလစ်ပြီးမှ Configure ကို ကလစ်ပါ..။ အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Turn on system protection ကို အမှန်ခြစ်ပေးပြီး Max Usage မှာတော့ ကျနော်က 50% လို့ပြောင်းထားပေးလိုက်ပါတယ်..။ ပြီးရင် Apply >> OK ပေးလိုက်ပါတယ်..။



စောန OFF ဖြစ်နေတဲ့ နေရာမှာ ON ဖြစ်သွားပြီဆိုရင် Create ကိုနှိပ်ပြီး Restore Points တခုကို အရင် ဖန်တီးထားလိုက်ပါ..။ အောက်ကပုံအတိုင်း ကျနော် ဖန်တီးထားလိုက်ပါတယ်..။
 အပေါ်အကွက်လေးထဲမှာတော့ မိမိတို့ မှတ်ရလွယ်မယ့် စာတခုခုရေးထည့်လိုက်ပါ..။ ကျနော်ကတော့ အဲ့ဒီနေ့က ရက်စွဲကိုပဲ ရေးထည့်လိုက်ပါတယ်..။ ပြီးရင်တော့ Create ကို နှိပ်လိုက်ပါတယ်..။




Successfully ဆိုရင်တော့ ဖန်တီးလို့ ရသွားပါပြီ..။ Close နဲ့ ပိတ်လိုက်ပြီး အဲ့ဒီအပေါ်က System Restore ကို ပြန်ဖွင့်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း အဆင်ပြေစွာနဲ့ System Restore ကို ဖွင့်သုံးလို့ ရသွားပါပြီ..။ ဒီနည်းနဲ့ Restore Point တွေကို မကြာမကြာဖန်တီးထားခြင်းဖြင့် ဝင်းဒိုး Error တွေကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်..။


Restore Points အသုံပြုနည်းက Next နှိပ်ပြီးသွားယုံပါပဲ..။ ဒီမှာတော့ ဒီလောက်ပဲ ပြပေးထားပါတယ်..။ ဒါကြောင့် ကျနော်က Cancel နဲ့ ပိတ်ပစ်လိုက်ပါတယ်..။


======================================================

နောက်ထပ်တခုက User Account ကို Windows 7 မှာလို သွားရင် ဝင်လို့တော့ ရတယ်.. ဒါပေမယ့် စာကိုသေချာဖတ်ဖို့တော့ လိုပါတယ်..။ စာကိုသေချာမဖတ်ရင်တော့ User Account Password နဲ့ Hard Disk Password မှားပြီး ပေးမိရင် နောက်တခါဝင်းဒိုးတင်တဲ့အခါမှာ အကြီးအကျယ်ပြဿနာပေါ်ပါလိမ့်မယ်..။ ဒါကြောင့် Hard Disk Password ကို ဒီနေရာမှာ မထည့်မိဖို့ အထူးသတိပြုရမှာပါ..။ User Account Password နဲ့ Hard Disk Password မှားမထည့်မိဖို့ အောက်ကပုံအတိုင်း ကျနော်ဝင်သွားပြီး ပြပေးထားပါတယ်..။
Control Panel ထဲကနေ User Account ကို အောက်ကပုံအတိုင်း ဝင်သွားလိုက်ပါတယ်..။


အောက်ကပုံအတိုင်း အပြာရောင်နဲ့ ပြထားတဲ့ နေရာကတော့ Hard Disk Password ပေးရမယ့် နေရာပါ..။ လုံးဝ Password မထည့်ပဲ အဲ့ဒီနေရာကို ကျော်ခဲ့လိုက်ပါ..။ အနီရောင်နဲ့ ပြထားတဲ့ နေရာကတော့ User Account အတွက် ဝင်းဒိုး Password ပေးရမယ့် နေရာပါ..။ အဲ့ဒီကနေ သွားရင် PC Setting ထဲကို ရောက်သွားပါတယ်..။


ကျနော်တို့ PC Setting ကို Desktop ပေါ်ကနေလည်း သွားလို့ ရပါတယ်..။ အောက်ကပုံအတိုင်း ဝင်သွားလို့ ရပါတယ်..။ Setting ကိုနှိပ်လိုက်ရင် PC Setting ပေါ်လာပါလိမ့်မယ်..။




Change PC Setting ကို ဝင်လိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ User >> Create Password ကို နှိပ်ပြီး Password ထည့်လို့ ရပါပြီ..။


Add a user ကတော့ နောက်ထပ် User Account တွေ ထပ်ဖွင့်ဖို့ နေရာတခုပါ..။ ကွန်ပျူတာ တလုံးထဲနဲ့ User Account တွေခွဲဖွင့်ပြီး သုံးလေးယောက် ခွဲသုံးဖို့ အဆင်ပြေစေမယ့် နေရာပါ..။ 
အောက်ကပုံအတိုင်း Password ပေးပြီး Next ကိုနှိပ်ပေးလိုက်ပါတယ်..။



 Finish ပေးလိုက်ရင်တော့ User Account တခုကို ရသွားပါပြီ..။ အောက်ကပုံကတော့ မိမိတို့ရဲ့ ပုံလေးတွေနဲ့ Password ပေးထားချင်တယ်ဆိုရင်တော့ အောက်ကပုံအတိုင်း Create a picture password ကို နှိပ်ပြီး သွားလိုက်ပါ..။
 


အပေါ်ပုံကတော့ အရင်ထည့်ထားတဲ့ ပါတ်စ်ဝါဒ့်ကို Confirm လုပ်ခိုင်းတာပါ..။ ပါတ်စ်ဝါဒ့်ထည့်ပြီး Ok ပေးလိုက်ရင် အောက်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။ Choose Picture ကနေ မိမိတို့ရဲ့ ပုံလေးကို သွားရွေးပေးလိုက်ပါ..။ အောက်ကပုံလေးတွေအတိုင်းပါပဲ..။



တကယ်အသုံးပြုမယ်ဆိုရင်တော့ Use this picture ကိုနှိပ်ပေးလိုက်ပါ..။



 1-2-3 အတိုင်း မိမိတို့ပုံရဲ့ နေရာလေး သုံးနေရာကို တချက်စီကလစ်ပေးလိုက်ပါ..။ ကျနော်ကတော့ အောက်ကပုံအတိုင်း အစွန်သုံးနေရာကို ကလစ်ပေးလိုက်ပါတယ်..။ အဲ့ဒီသုံးနေရာက ပါတ်စ်ဝါဒ့်ဖြစ်သွားပါပြီ..။



Congratulation ဆိုရင်တော့ Finish ပေးလိုက်လို့ ရသွားပါပြီ..။ ဒါဆိုရင် မိမိတို့ရဲ့ ပုံလေးနဲ့ရော ၊ စာလုံး ပါတ်စ်ဝါဒ်နဲ့ပါ Password ပေးပြီးသား ဖြစ်သွားပါပြီ..။ ဝင်းဒိုးထဲဝင်တဲ့ အခါမှာတော့ ၂ခုစလုံးနဲ့ ဝင်လို့ ရသွားပါပြီ..။ ကျနော် လက်ရှိဒီ၂မျိုးစလုံးနဲ့ အသုံးပြုနေတာပါ..။ အဆင်ပြေပါတယ်..။ 
Password တွေမလိုတော့ရင်တော့ အောက်ကပုံအတိုင်း Remove နဲ့ ပြန်ထုတ်ပစ်လို့ ရပါတယ်..။


 ======================================================
နောက်ဆုံးတခုကတော့ Windows 7 မှာ မပါခဲ့တဲ့ Tool လေး Windows To Go တူးလေးနဲ့ USB 32 GB ထဲမှာ ဝင်းဒိုးတခုလုံးကို ထည့်ပြီး သိမ်းထားလို့ ရမယ့် နေရာလေးပါ..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Control Panel ထဲမှာပဲ ရှိပါတယ်..။ 


ဒီပိုစ့်မှာတော့ ဒီတူးလေး အသုံးဝင်ပုံကို ပြပေးချင်ပေမယ့် 32 GB ရှိတဲ့ USB Pendrive တချောင်းလိုအပ်ပါတယ်..။ ကျနော်မှာလည်း 16 GB ပဲရှိပြီး.. 32 GB အဆင်သင့်မရှိသေးတဲ့အတွက် ဒီအဆင့်တွေကို ပုံလေးတွေနဲ့ ပြပေးဖို့ အဆင်မပြေတော့ပါဘူး..။ ဒါကြောင့်နောက်ပိုင်း ကြုံကြိုက်ခဲ့ရင် ဒီပိုစ့်ကို ထပ်ဆက်ပေးပါမည်..။ 32 GB ရှိတဲ့သူများကတော့ မိမိကိုယ်တိုင်ပဲ ဒီအဆင့်တွေကို စမ်းသပ်အသုံးပြုကြည့်ပါ..။ သိပ်တော့မခက်ပါဘူး..။ သူမေးထားတာနဲ့ သူပြထားတာတွေကို ရွေးပေး တတ်ရင် လုပ်လို့ ရပါတယ်..။ အားလုံးပဲ စမ်းသပ်ရင်း အဆင်ပြေကြပါစေဗျာ..။

Snap VPN အသုံးပြုနည်း

      ယခုမိတ်ဆက်ပေးမယ့် App ကတော့ Snap VPN လို့ခေါ်တဲ့၊ VPN ကျော်တဲ့ App ပဲဖြစ်ပါတယ်။မိမိတို့ Android Phone တွေမှာ Google play store ကနေ Ga...