
အခုချိန်မှာ
Mobile ဖုန်းတစ်လုံးကို အမျိုးစုံလုပ်လို့ရအောင် developer တွေက
application တွေကိုရေးပြီး ပုံစံမျိုးစံနဲ့ ဖန်တီးအသက်သွင်းနေကြပါတယ်။
လူတိုင်းလဲ သိကြတဲ့အတိုင်းပါပဲ။ Smart Phone တစ်လုံးအသုံးပြုတာနဲ့
သူနဲ့ပတ်သက်လာတဲ့ feature တွေ application တွေက
ဖုန်းတစ်လုံးနဲ့ဘာမဆိုဖြစ်အောင်လုပ်လို့ရအောင်ကို
ဖန်တီးလာကြတာကိုတွေ့ကြရမှာပါ။
အခုလည်း
လာပြန်ပါပြီ။ Android version 4.2 နဲ့အထက်ရှိတဲ့ smart phone တစ်လုံးကို
TV Remote အနေနဲ့အသုံးပြုနိုင်အောင် ဖန်တီးလိုက်ကြပြန်ပါပြီဗျာ။ ဒီ
function ကတော့ samsung နဲ့ HTC ဖုန်းတွေမှာပဲ ရှိပါသေးတယ်။ အခုတော့
android version 4.2 နဲ့ အထက်ရှိတဲ့ brand တိုင်းကို TV Remote
အဖြစ်လုပ်ခွင့်ပေးလိုက်ပါပြီ။
ပထမဦးဆုံးဒီ
application လေးကို install လုပ်လိုက်ပါ။ ပြီးသွားရင် open လုပ်လိုက်ပါ။
ပြီးပြီဆိုရင် ဖုန်းကို Remote အဖြစ်အသုံးပြုဖို့အတွက်တော့ TV
အမျိုးစားတွေကို ရွေးပေးရပါလိမ့်မယ်။ အမျိုးစားတော်တော်များများပါဝင်ပါတယ်။
ကိုယ့် TV ရဲ့ model နာမည်ကိုရွေးပေးလိုက်ပါ။ ပြီးရင်တော့ Remote
ပုံစံလေးပေါ်လာပါလိမ့်မယ်။ အဲ့ဒါဆိုရင် Remote အနေနဲ့ phone ကို
အသုံးပြုနိုင်ပါပြီဗျာ။



ကျွန်တော်အပေါ်မှာတွေလည်း
ရေးထားသလို ဒီ application လေးကို Android version 4.2 နဲ့အထက်မှာ
အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တင်ပေးထားတာက Zip file လေးပါ။ ကိုယ်ဖုန်းမှာ
zip file လေးကို ပြန်ဖြည်ဖို့ဆိုရင်တော့ zip file ဖြည်တဲ့ application
လေးတော့ လိုပါလိမ့်မယ်။ အဲ့ဒါကြောင့် ကိုယ့်ဖုန်းမှာတော့ Andro Zip တို့
Unrar ဆိုတဲ့ application လေးကိုတော့ install လုပ်ထားပေးဖို့လိုပါလိမ်မယ်။
မရှိတဲ့ သူဆိုရင်တော့ ဒီနေရာ မှာ Download လုပ်နိုင်ပါတယ်။ ကျွန်တော်စမ်းတုန်းကတော့ HTC One X နဲ့သူများဆီက ငှားပြီးစမ်းထားတာပါ။ အဆင်ပြေပါတယ်။
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။
အားလုံးအဆင်ပြေပါစေ........
No comments:
Post a Comment