Saturday, October 26, 2013

Android ဖုန်းအား အသုံးပြုပြီး လေယာဉ် ထိန်းချုပ်မှုစနစ်အား ဖောက်ထွင်းဝင်ရောက်နိုင်


ကွန်ပြူတာလုံခြုံရေး ပညာရှင်လည်းဖြစ်၊ လေယာဉ်မှူးလည်း ဖြစ်သူ Hugu Teso တည်ထွင်လိုက်သည့် PlaneSploit ဟု အမည်ရသည့် Android app သည် ဝေဟင်ယံမှ လေယာဉ်တစ်စီးအား အဝေးတစ်နေရာမှ ဖောက်ထွင်းဝင်ရောက်ပြီး လေယာဉ်အား အလုံးစုံ ထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိနေကြောင်း သိရှိရသည်။

ဟော်လန်နိုင်ငံ၊ အမ်စတာဒမ်တွင် ပြုလုပ်ခဲ့သည့် Hack in the Box လုံခြုံရေး ဆွေးနွေးပွဲတွင် အဆိုပါ app အား လေယာဉ်မောင်းသင်စနစ် (flight simulator) အသုံးပြုကာ သရုပ်ပြခဲ့ပြီး ကွန်ပြူတာပုံဖော် လေယာဉ်၏ ထိန်းချုပ်မှုစနစ်အား ဖောက်ထွင်းဝင်ရောက်က လေယာဉ်၏ ခရီးလမ်းကြောင်းအား ပြောင်းလဲပေးနိုင်ခဲ့သည်။

ပို၍ထူးခြားသည်မှာ Teso အနေဖြင့် ဤ app အား တည်ထွင်ရန် ၃ နှစ်ကြာမျှ အချိန်ယူပြီး လေကြောင်းလုံခြုံရေး ကဏ္ဍအကြောင်းအား လေ့လာခဲ့ရသလို လိုအပ်သည့် ပစ္စည်းများနှင့် ဆော့ဖ်ဝဲများအား eBay မှ စုဆောင်းဝယ်ယူခဲ့ရသည်။ ယင်းနောက် လေယာဉ်ထိန်းချုပ် စနစ်များအတွင်းရှိ လစ်ဟာချက်များအား ရှာဖွေလေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် အံသြစရာကောင်းသလို စိုးရိမ်စရာလည်း လွန်စွာကောင်းနေသည့် ဤ app အား အောင်မြင်စွာ ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

PlaneSploit app အဓိက ဖောက်ထွင်းဝင်ရောက်သည့် နည်းပညာ ၂ ခုမှာ အလိုအလျောက် စောင့်ကြည့်ထုတ်လွှင့်မှု နည်းပညာ (Automatic Dependent Surveillance-Broadcast – ADS-B) နှင့် လေယာဉ် ဆက်သွယ်မှုနှင့် အကြောင်းပြန်မှု (Aircraft Communications Addressing & Report System – ACARS) တို့ ဖြစ်သည်ဟု သိရှိရသည်။

ADS-B နည်းပညာသည် ဝေဟင်ယံ၌ ပျံသန်းနေသည့် လေယာဉ်တစ်စီး၏ တည်နေရာ၊ အမြင့်၊ အမြန်နှုန်း စသည့် အချက်အလက်များအား လေယာဉ်ပေါ်၌ ထုတ်လွှင့်စက်မှတဆင့် လေကြောင်းထိန်းသိမ်းရေး တာဝါများထံသို့ ပို့လွှတ်စေပြီး အပြန်အလှန်အားဖြင့် မြေပြင်ပေါ်မှ လေယာဉ်၏ တည်နေရာ ပတ်ဝန်းကျင်ရှိ အခြားလေယာဉ်များအား အသိပေးသည့် နည်းပညာဖြစ်သည်။

ACARS နည်းပညာမှာမူ လေယာဉ်တစ်စီးနှင့် တစ်စီး (သို့) ဝေဟင်မှ မြေပြင်သို့ ရေဒီယို (သို့) ဂြိုဟ်တုအသုံးပြုပြီး ဆက်သွယ်ပြောကြား နိုင်သည့်စနစ်ဖြစ်သည်။

PlaneSploit app အသုံးပြုကာ ADS-B စနစ်အား ဖောက်ထွင်းဝင်ရောက်ပြီး မိမိ အလိုရှိရာ လေယာဉ်နှင့် ဆက်စပ်ထိန်းချုပ်မှု စနစ်တို့အား ရှာဖွေရရှိနိုင်ပြီး ထိုမှတဖန် ACARS ကို ဖောက်ထွင်းဝင်ရောက်ခြင်းကာ လေယာဉ်ပျံသန်းမှုပုံစံအား ပြောင်းလဲနိုင်သည့် code များ ထည့်သွင်းနိုင်ခြင်းဖြစ်သည်။

သို့သော်လည်း ဥရောပ လေကြောင်းလုံခြုံရေး အေဂျင်စီ ၏ အဆိုအရ PlaneSploit app သည် flight simulator ပရိုဂရမ်မှ လေယာဉ်အား ထိန်းချုပ်ပြခဲ့ခြင်းဖြစ်ကြောင်း ဆော့ဖ်ဝဲပရိုဂရမ်နှင့် လေယာဉ်အစစ်ပေါ်ပါ ထိန်းချုပ်စနစ်နှင့် ဆက်စပ် လုံခြုံရေး ဆော့ဖ်ဝဲတို့မှာ များစွာ ကွာခြားကြောင်း မှတ်ချက်ပြုခဲ့သည်။

No comments:

Post a Comment

Snap VPN အသုံးပြုနည်း

      ယခုမိတ်ဆက်ပေးမယ့် App ကတော့ Snap VPN လို့ခေါ်တဲ့၊ VPN ကျော်တဲ့ App ပဲဖြစ်ပါတယ်။မိမိတို့ Android Phone တွေမှာ Google play store ကနေ Ga...