browser တွေ အများကြီး ရှိပေမယ့် အကြိုက်ဆုံး browser ကတော့ chrome လို့ပဲ
ပြောရမှာပဲ။ Chrome browser ရဲ့ အဓိက အားသာချက်က web page တစ်ခုလုံးကို
မိမိကြိုက်နှစ်သက်တဲ့ ဘာသာစကားကို translate လုပ်ပေးနိုင်တဲ့ အချက်ပါပဲ။
ရှာဖွေတဲ့ နေရာမှာ မြန်လည်းမြန်တော့ နောက်မှ ထွက်လာတဲ့ browser ဖြစ်ပေမယ့်။
လူသုံးအများဆုံးနှင့် လူကြိုက်အများဆုံး browser ဖြစ်သွားတာ သိပ်တော့ဖြင့်
မထူးဆန်းလှပါဘူး။ chrome ကို သုံးနေပေမယ့် zawgyi ဖြင့် ရိုက်လို့မရတာ။
စာဖတ်ရင် မမြင်ရတာတွေကို အောက်မှာ တဆင့်ချင်း ရှင်းပြထားပေးပါတယ်။ အောက်မှာ
ကြည့်ပြီး လုပ်ကြည့်လိုက်ပါ။
အောက်ပါ လုပ်ဆောင်ချက် (၂) ဆင့်ကို လုပ်ဆောင်လိုက်ပါ။ ပထမအဆင့်က font
settings ၀င်ပြင်ခြင်းနှင့် ဒုတိယအဆင့် Chrome Browser ရဲ့ Css မှာ Zawgyi
ကို font family အဖြစ်ကြေငြာခြင်း စသည့် (၂) ဆင့်ကို လုပ်ဆောင်လိုက်လျှင်
အဆင်ပြေပြေဖြင့် စာရိုက်ခြင်း၊ website မှာ ရှာဖွေခြင်း တွေကို zawgyi
ဖြင့် ကောင်းစွာ အလုပ်လုပ်နိုင်မှာပါ။
ပထမအဆင့်
Font Settings မှာ ၀င်ပြင်ခြင်း
၁။ Chrome browser ကိုဖွင့်ပြီး settings ထဲကို ၀င်လိုက်ပါ။
 |
ပုံ(၁) ပုံကြီး မမြင်ရလျှင် ပုံကိုနှိပ်လိုက်ပါ။ |
၂။ Settings ထဲသို့ ရောက်လျှင် အောက်ဆုံးကို ဆွဲချလိုက်ပါ။ ဒါဆိုရင် Show advanced settings ဆိုတာကို တွေ့ရပါလိမ့်မယ်။ နှိပ်လိုက်ပါ။
 |
ပုံ(၂) ပုံကြီးမမြင်ရလျှင် ပုံကိုနှိပ်လိုက်ပါ။ |
၃။ ပုံ(၃)အတိုင်း Customize fonts ကို နှိပ်လိုက်ပါ။
 |
ပုံ(၄) ပုံကြီး မမြင်ရလျှင် ပုံကိုနှိပ်လိုက်ပါ။ |
၅။ fonts setting မှာ ပြထားတဲ့အတိုင်း Zawgyi-One font ကို ရွေးပေးလိုက်ပြီး Done ကို နှိပ်ပေးလိုက်ပါ။
 |
ပုံ(၅) ပုံကြီး မမြင်ရလျှင် ပုံကိုနှိပ်လိုက်ပါ။ |
ဒုတိယအဆင့်
Css မှာ Zawgyi-one font family အဖြစ် ကြေငြာခြင်း
ဒီအဆင့်မှာတော့ မိမိက တစ်ခြား unicode font များကို ရေးနိုင်ဖတ်နိုင်ဖို့
အတွက်ဆိုရင်လည်း တစ်ခြား font တွေကို Zawgyi-One နေရာရဲ့ နောက်မှာ font
နာမည်ကို (,) ကော်မာ ခံပြီး ထပ်ဖြည့်လိုက်ယုံပါပဲ။
၁။ Start button ကိုနှိပ်ပြီး Document အပေါ်က မိမိကွန်ပျူတာနာမည်ကို
နှိပ်လိုက်ပါ။ Dasktop က User နာမည်နဲ့ folder ကို ဖွင့်လည်း အတူတူပါပဲ။
တချို့ဆို desktop မှာ user folder ကို မဖော်ထားရင် ဖော်နည်းပါ ပြောပြနေရင်
ရှည်သွားမှားလို့ ခုလိုမျိုး start icon ကနေ နှိပ်ပြီး သွားခိုင်းတာပါ။
ညာဖက် ထိပ်ဆုံးမှာ မိမိ ရဲ့ user name နဲ့ ပေါ်နေတဲ့ဖိုင်ကို
နှိပ်ပေးလိုက်ပါ။
 |
ပုံ(၁) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။ |
၂။ Organize ကို နှိပ်ပြီး folder and search options ကို ရွေးပေးလိုက်ပါ။
 |
ပုံ(၂) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။ |
၃။ Don't show hidden files, folders, or drives ဆိုတာကို
အမှန်ခြစ်ပေးထားလျှင် သူ့အောက်မှာ ရှိတဲ့ Show hidden files, folders and
Drives ဆိုတာကို ပြောင်းပြီး အမှန်ခြစ်ပေးလိုက်ပါ။
 |
ပုံ(၃) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။ |
၎။ AppData ဆိုတဲ့ နာမည်ဖြင့် ဖိုင်တစ်ဖိုင် အရောင်မှိန်မှိန်ဖြင့် ပေါ်လာ
တာကို တွေ့ရပါ လိမ့်မယ်။ AppData ဖိုင်ကို နှိပ်ပြီးတော့ ဖွင့်လိုက်ပါ။
 |
ပုံ(၄) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။ |
၅။ Local >> Google >> Chrome ကိုဖွင့်လိုက်ပါ။
 |
ပုံ(၅) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။ |
 |
ပုံ(၆) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။ |
 |
ပုံ(၇) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။ |
၆။ User data ဆိုသည့် ဖိုင်ကို ထပ်နှိပ်ပြီးဖွင့်ပါ။
 |
ပုံ(၈) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။ |
၇။ Default ကို ထပ်နှိပ်ပြီး ဖွင့်ပါ။
 |
ပုံ(၉) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။ |
၈။ User Stylesheets ဖိုင်ကို ရွေးပြီး ဖွင့်လိုက်ပါ။
 |
ပုံ(၁၀) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။ |
၉။ ကဲ ကျနော်တို့ ဖြည့်ထည့်ပြီး family font အဖြစ် ကြေငြာပေးမယ့် "Custom"
ဆိုသည့် အမည်ဖြင့် css ဖိုင်ကို တွေ့ရပါလိမ့်မယ်။ right click ထောက်ပြီး
Edit ကို နှိပ်ပြီးတော့ ဖွင့်တာပဲဖြစ်ဖြစ်၊ Double click နှိပ်ပြီး
ဖွင့်တာပဲ ဖြစ်ဖြစ် ဖွင့်လိုက်ပါ။ notepad ဖိုင်ဖြည့် css ဖိုင်လေး
ပွင့်လာပါလိမ့်မယ်။ အဲ့ဒါဆိုရင် ကျနော်တို့က အောက်မှာ ပြထားတဲ့ code ကို
copy ကူးပြီး ထည့်လိုက်ပါ။ ပြီးလျှင် Save လုပ်လိုက်ပါ။
body, p, div, td, tr, h1, h2, h3, h4, h5, h6, para, a
{
font-family:Zawgyi-One;
}
input, select , textarea
{
font-family:Zawgyi-One;
}
 |
ပုံ(၁၁) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။ |
 |
ပုံ(၁၂) ပုံကြီးမမြင်ရလျှင် ပုံကို နှိပ်လိုက်ပါ။ |
ကဲဒါဆိုရင်တော့ chrome မှာ မြန်မာလို ရိုက်လို့ရပြီး မြန်မာစာလည်း ဖတ်လို့
အဆင်ပြေသွားပါပြီ။ အားလုံး ပဲအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
တစ်ပုံချင်း ထည့်လိုက်တာသည် လုံးဝ မထည့်တတ် တဲ့သူများကို သိစေရန်အတွက်
အခက်အခဲ မရှိစေရန်အတွက် တင်ပေးလိုက်တာ ဖြစ်ပါတယ်။